Arc(3.6)

7.9K 896 31
                                    

ရှောင်းကျန့်သည် သက်ပြင်းသာ ခဏခဏချနေမိသည်။ အိပ်လို့လည်းမရပေ။ ယခုတော့ မိုးလင်းလာခဲ့ပြီ တစ်ညလုံး စဉ်းစားနေရသည်မို့အခုတော့
ထိုးထိုးထောင်ထောင် ဆံပင်တွေနဲ့ မျက်ကွင်းညိုတွေနဲ့ ထလာရသည်။

သူတကယ် မခံစားနိုင်ဘူး
သူလေး ဖင်ကြိမ်းရမယ့်အဖြစ်မို့ မခံစားနိုင်ဘူး ဘယ့်နှယ် သရီးဆမ်းရမယ်လို့

"ငိုးမ System''

"သခင် နိုးနေရင်လည်း ထတော့ စောစောစီးစီး System ကို ကျိန်ဆဲမနေနဲ့
ဟိုက စိတ်မထင်လို့ Four တွေ Five တွေပါဆမ်းပေးလိုက်မှ မာလကဈာန်ကြွနေအုန်းမယ် ဟွင်း ''

ရှောင်းကျန့်သည် Kitty အား ဒိုင်းခနဲ အားရပါးရ မျက်စောင်းထိုးပစ်လိုက်သည်။

Kitty က ခပ်ချေချေပင် မသိချင်ယောင်ဆောင်ကာ ပုဇွန်ကြော်တွေကို တဂျွတ်ဂျွတ်စားနေသည်။

"ပေး အဲ့တာ ငါ့ပုဇွန်ကြော် မင်းကို မကျွေးဘူး ''

"ကြောင်တစ်ကောင်စားနေးတာ ဒါဟာ ကြောင်စာပဲ သခင် ပြီးတော့ သူများစားနေတာကိုလုတာ ဟန့်တားတာက မကောင်းဘူး သေရင် ပြိတ္တာ ဖြစ်တတ်တယ် သိလား ''

"အံမယ် ဒင်းတောင် ကြောင်ဘဝရောက်လာတာကို ငါလေးကိုများပြောရတယ်ရှိသေး မရဘူး အဲ့တာ ငါ့ပုစွန်ကြော် ''

"သခင်က စိတ်ပုတ်တယ် အရမ်းပဲနော်
ဒါ့ကြောင့် System က သရီးဆမ်းခိုင်းတာ အဟွင်း နောက်ဘဝတွေ ဆိုရင်
ဘယ်လိုထိဆမ်းမလဲပဲနော် စိတ်ဝင်စားစရာပဲ ''

"ရော့ အဲ့မှာ မျို သေချင်းဆိုးလေးရဲ့ ''

"စို့စရာရောမပေးတော့ဘူးလား ''

"ဘာကွ Kitty မင်း! "

"သခင် အတွေးမှားမနေနဲ့ နို့ကိုပြောတာနော် ကျွန်တော်က ''

"ဘာ နို့ ဟုတ်လား ''

"ဘာလို့ ငှက်ဆိုးသံနဲ့အော်နေတာ အာ သခင့်နို့ကိုကျွန်တော်မစို့ပါဘူး ကျွန်တော်အတွက် အာဟာရပဲနို့တို့ အုန်းနို့တို့ ဘာညာ နို့တို့ကိုပြောတာပါ ''

"အေး အတော်စို့ချင်နေရင် တံစို့ပေးမယ်
စို့ထားလိုက် သေချင်းဆိုးလေး အစုတ်ပလုတ် Kitty ''

Peculiarly System [Completed ]Where stories live. Discover now