Arc(12.10)

2.1K 277 6
                                    

မင်္ဂလာပွဲကတော့ လူအများကြားမှ ရေပန်းစားသွားတဲ့ သုံးပွင့်ဆိုင် မင်္ဂလာပွဲလေးပေါ့လေ။

အဲ့ဒီမှာပဲ ဇာတ်လိုက်မဘယ်လာကလည်း ကလေးမွေးဖို့ အကြောင်းဖန်လာရပြန်တော့ ပိုပြီးတော့ ဟိုးလေးတကျော်ကျော် ဖြစ်သွားရတော့တာပေါ့လေ။

" ဟင်နရီ  မင်းရဲ့ဇနီးလေးအဆင်ပြေရဲ့လား ''

" ပြေပါတယ်.. အစ်ကိုကြီး မျက်နှာက..''

အန်ဒရူးက မျက်နှာကြီး ပုပ်သိုးနေတာမို့ ဟင်နရီက မေးသလိုမျိုး ပြောလာတာပင်။

*မမေးနဲ့တော့ ဟင်နရီရေ။
မင်းရဲ့ ဇနီးလေး မီးဖွားတာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ ၊ ငါ့မှာ မင်္ဂလာတောင် မဦးရသေးဘူး။*

အန်ဒရူးက စိတ်ထဲကနေတွေးပြီး  မအီမလည်မျက်နှာလေးနဲ့ ခုံတစ်ခုမှာ အိပ်ငိုက်နေသော ဘန်အား မေးငေါ့ပြကာ အသံတိတ်လေး စိတ်ဆင်းရဲပြသည်။

ဟင်နရီက နားမလည်သလိုလို နားလည်သလိုလိုနဲ့
တစ်ယောက်တည်း မမဆောင်းဖြစ်နေရသည်။
သို့သော် သူထပ်မမေးတော့ဘဲ ခေါင်းလေးညိတ်ပြကာ ရှေ့က လင်းတမှိုင်သလို မှိုင်တွေနေသော ဂျက်ဖရီကိုလည်း တစ်ချက်အကဲခတ်လိုက်သည်။

သေချာသလောက် ဂျက်ဖရီနဲ့ အန်ဒရူးက ဘန်ကို သိပ်ကြောက်ကြရှာတာပါလားလို့ စဉ်းစားလိုက်ရင်း ခေါင်းလေးအသာရမ်းလိုက်သည်။

" အစ်ကိုကြီး.. စကားမစပ်လေ ၊ ဘန်က ''

သူ့ဘာမှ မမေးရသေးခင် အန်ဒရူးက လက်ကာပြလိုက်သဖြင့် ပါးစပ်လေးပိတ်လိုက်ရသည်။

အစ်ကိုကြီးက တယ်လည်းတော်တာပါလား။
ငါမေးမယ့်မေးခွန်းကို သိနေတယ် ။

" ဟုတ်တယ်  ဘန်က ငါ့ရဲ့ အရင်တုန်းက ယုန်လေးပါ ''

" ဟမ်..??''

ဟင်နရီက မျက်စိတွေလည်သွားရပြီ။
သူမေးချင်တာက ဘန်သည် အောက်ထပ်မဟုတ်လားဟုတ်လားဆိုတာပင်။

ဒါပေမယ့် အစ်ကိုကြီးက ဘန်သည် တစ်ချိန်က ယုန်ကလေးဖြစ်နေကြောင်း လာပြောနေသည်။

အစ်ကိုကြီးက တယ်လည်းတော်တာပါလား လို့ပြောမိတဲ့စကားကို ရုတ်သိမ်းလိုက်ပြီ။

Peculiarly System [Completed ]Where stories live. Discover now