Arc(5.3)

6.6K 741 27
                                    


တစ်နေ့တာကို ကျိုးဝေ့ဖုန်းလိုမျက်မမြင်တစ်ဦးက ဗျပ်စောင်းတီး ၊ ဓားသိုင်းကစားရင်း အချိန်ကုန်သည် ။

ယခု ဓားရှည်တစ်ချောင်းကိုဝင့်ကာ ဓားသိုင်းလေ့ကျင့်နေသော ပုံရိပ်ကလေးက လိပ်ပြာငယ်လေး ကကြိုးဆင်နေသည့်အလား ။

"ဝေ့ဖုန်း ''

"ချွင်စန်းလား ''

အမှောင်ထုကို အားပြုပြီး ရောက်လာသူချွင်စန်းက  အသံပြုလေသည်မို့ ဓားရှည်ကိုဓားအိမ်ထဲပန်ထည့်ကာ ပြုံးလိုက်သည်။

"အဆင်ပြေရဲ့လား ဝေ့ဖုန်း ''

"အင်း သိပ်ကိုပြေတာ..။ ချွင်စန်း ငါ့ကို ပြောပါအုံး ပိုင်ဝူရိအကြောင်းဘာတွေစုံစမ်းသိရှိပြီးပြီလဲ ''

"ပိုင်ဝူရိက အခုနန်ကျောက်က အကြောင်းကိစ္စတစ်ခုကိုစုံစမ်းနေပုံရတယ်
ငါ့အထင် အဲ့ဒီမှာ မိစ္ဆာဂိုဏ်းကို အမြစ်ဖြတ်မယ့် ဂိုဏ်းတွေကိုအပြန်မှာတစ်ဖက်လက်နဲ့ဝင်ဖမ်းလိမ့်မယ် ပြီးတော့ သူတို့ကိုပူးပေါင်းဖို့ လုပ်လိမ့်မယ် ''

"မင်းဘယ်လိုထင်လဲ အဲ့ဒီ ဂိုဏ်းတွေက ပိုင်ဝူရိကို ပူးပေါင်းမယ်လို့ငါကတော့မထင်ဘူး ''

"မင်းတွက်တာမှန်တယ် သူက အဲ့လိုအခြေအနေဖြစ်လာရင် မိစ္ဆာဂိုဏ်းကို မဟာမိတ်အဖြစ်ပြန်ပြီးပူးပေါင်းလိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် မနစ်နာဘူး လေ ''

"အဲ့တော့ မင်းပြောကြည့် အခု အင်အားအကြီးဆုံးက ဘယ်ဂိုဏ်းလဲ ''

"မိစ္ဆာဂိုဏ်း အခုအသစ်တက်တဲ့ ဂိုဏ်းချုပ်လက်ထပ်မှာအရင်ကထက်ပိုပြီးအင်အားကြီးလာတယ် မင်းသိတဲ့အတိုင်းပဲလေ မိစ္ဆာဂိုဏ်းက အဆက်ဆက်ကအင်အားကြီးခဲ့တာမို့ တခြားဂိုဏ်းတွေက မနာလိုနေတာ အခု ဂိုဏ်းချုပ်လက်ထပ်မှာပိုပြီးအင်အားကြီးတော့ သူတို့က အမြစ်ဖြတ်ချင်နေတော့တာပေါ့ ''

"ပိုင်ဝူရိက တကယ်တော့ မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အရမ်းအာဏာကြီးနေလို့ သူ့ပလ္လင်ကိုဝင်လုမှာစိုးရိမ်နေတာပဲ ''

ချွင်စန်းက သူသတိမထားတဲ့ကိစ္စကို ခန့်မှန်းနိုင်သည့် ဝေ့ဖုန်းကို တောက်တောက်ပပကြည့်လျက်တွေးမိသည်။

Peculiarly System [Completed ]Where stories live. Discover now