Arc(7.3)

5.3K 655 12
                                    

"ကီကို ''

နောက်ကနေခေါ်သံကြောင့် တုန်သွားတဲ့ကျောပြင်လေး။ မစ္စတာဟာကူက သက်ပြင်းချလိုက်သည်။

" လာအုန်း ဒီမှာ လာထိုင် ''

ပေကပ်ကပ်လုပ်နေတဲ့သားလေးက အခုထိ သူ့ကို လှည့်မကြည့်ဘဲ ရပ်နေတုန်းမို့ နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည် ။

ဒီနှစ်တွေအတွင်းမှာ သားလေးက ဆရာရှီဇုခုနဲ့ သူ(ကီကို)  ကို ခွဲထားခဲ့တာကြောင့် သူ့(မစ္စတာဟာကူ ) အပေါ် အမြင်မကြည်နေပုံပင်။

" ကီကို ဖေဖေ့ကို စိတ်ဆိုးမပြေသေးဘူးလား ဟမ် ''

" ကီကို စိတ်မဆိုးပါဘူး ဖေဖေ ''

အပြုံးချိုချိုလေးနဲ့ဖြေလာတဲ့အချိန် မစ္စတာဟာကူ ငြိမ်သက်လျက် ငေးကြည့်နေမိသည်။

ကီကိုလေးက ဒီ ၇နှစ်ကျော်အတွင်းမှာ သိပ်ချောတဲ့ သူတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီပဲ ။

" ကီကို ဖေဖေ့ဆီကနေ ဘာလိုချင်တာရှိလဲ သန်းဘက်ခါ ၁၈နှစ်ပြည့်မွေးနေ့ဆိုတော့ ''

" ဆရာရှီဇုခုဆီပဲ သွားချင်တယ် ဖေဖေ
ကီကို မွေးနေ့မှာ သူ့ကို ဖိတ်ချင်တယ် ''

" သားလေးသဘောပါ ''

ရှီဇုခုက ကီကို ကို အချိန်နည်းနည်းပဲ စာသင်ဖို့ ဖဲ့ပေးနိုင်တော့သည်။ ထို့ကြောင့်
လွန်ခဲ့တဲ့ ၂လလောက်ကနေစပြီး ကီကို ကို စာသင်ဖို့ မစ္စတာဟာကူက တခြားတစ်ယောက်ကို ပြောင်းပေးခဲ့သည်။

ဒါတွေက သွေးရိုးသားရိုးမဟုတ်တာကို ကီကိုက သိနေခဲ့သည်။
မစ္စတာဟာကူ ရဲ့ ပယောဂမကင်းဘူးပေါ့လေ ။

မစ္စတာဟာကူက ရှီဇုခု နဲ့ကီကို ရဲ့ဆက်ဆံရေးကို တဖြည်းဖြည်းနဲ့ သဘောမကျတော့တာကြောင့် အခုလို လုပ်ခဲ့တာဖြစ်သည်။ ဒါကိုတော့ တုံးလွန်းတဲ့ ကီကိုက နားမလည်ခဲ့ပေ။

ဧည့်ခန်းမှ မစ္စတာ ကတော့ အပေါ်ထပ်တက်သွားတဲ့ ကီကိုလေးကို ခေါင်းတခါခါနဲ့ ကြည့်နေမိသည် ။

လွန်ခဲ့တဲ့ နှစ်တွေကို ပြန်လှည့်လိုက်ချင်ပါရဲ့ ။ ဒါဆို ဒီဆရာရှီဇုခုကို ကီကိုအတွက် စာသင်ဆရာအဖြစ် သူရွေးချယ်ဖို့မလုပ်တော့ဘူး ။

Peculiarly System [Completed ]Where stories live. Discover now