Arc(2.8)End

10.2K 1K 51
                                    

"ဗျာ ခင်ဗျား အဲ မင်းကြီး ဘာပြောနေတာလဲ ဆိုတာရော သိသေးရဲ့လား''

"သိတယ်လေ မင်းကိုသဘောကျလို့သဘောကျတယ်ပြောတာ ဘာဆန်းသလဲမဟုတ်ဘူးလား ''

"ဒါပေမယ့် ကျွန်တော်က ယောကျာ်းလေးလေဗျာ မင်းကြီးက တကယ်ဆို မိန်းကလေးနဲ့ ''

"ကိုယ်ကမင်းကိုပဲ ကြိုက်လို့ မင်းကိုမှ မိဖုရားမြောက်ချင်တာ ''

"ခက်နေပါပြီ ''

ဒီတစ်လအတွင်းမှာ ရှောင်းကျန့်ရိပ်မိပါသည်။ ဇာတ်လိုက်မနှစ်ယောက်ရဲ့ဇာတ်ကွက်တွေသူ့ထံစုပြုံကျလာကတည်းက ဇာတ်လိုက်က သူ့ကို ကြွေနေပြီ ဆိုတာကို ။

အခုတော့ သူ့ကို ချစ်ခွင့်ပန်လာပြီမို့ ရင်ဘတ်ထဲမှာ တစ်မျိုးခံစားရသည်။
ပထမကမ္ဘာအတွက် လင်ယူခဲ့ရလို့ အခုထပ်ယူရလည်းမဆန်းပေမယ့် ဘာကြောင့်မှန်းမသိ အမှန်မဟုတ်တဲ့ပုံရိပ်ယောင်ဇာတ်ကောင်ကို ဂျော့်တုန်းကလိုမျိုးရင်ခုန်နေမိခဲ့ပြီ။

ထပ်ချစ်မိတာမျိုးမဟုတ်ဘဲ စရိုက်မတူတဲ့ထိုဇာတ်ကောင်နှစ်ခုကို တစ်ယောက်တည်းလို့မြင်နေမိသည်။

သူက ဂျော့်လား

သူ၏ တွေဝေနေသောစိတ်အစဉ်က
ဟွားကျောက်ရှင်း၏ ရုတ်တရက် ထိတွေ့လာသည့်နူတ်ခမ်းအစုံကြောင့် သေချာသွားသည်။

ဟုတ်တယ် သူက ဂျော့်ပဲ ရင်းနှီးသလို အထိအတွေ့က ပထမအကြိမ်တစ်ခါထိတွေ့ရုံနှင့် မှတ်မိလာသည်။

သူငါ့ကို ချစ်လို့ ငါ့နောက်ကိုလိုက်နေတာလား သူက ဝိညာဉ်လား သူက ဘာလဲ
ဘာပဲဖြစ်ဖြစ် ငါလည်း သူ့ကိုတော့ သဘောကျတယ်

တုံ့ပြန်လာတဲ့အနမ်းတို့ကို ကျောက်ရှင်းသည် သဘောကျကာ သူ့အား ကွမ်းကွမ်းက လက်ခံလိုက်ပြီမှန်းသိလိုက်ရသည်။

မနက်ဖြန်မှာ မြို့တော်ကို ပြန်ရမှာဖြစ်လို့
ကွမ်းကွမ်းကို ဖွင့်ပြောနေခြင်းဖြစ်သည်။

ကွမ်းကွမ်းကလက်ခံပြီဆိုရင် ဟိုရောက်တာနဲ့ မယ်တော့်ကို ဖွင့်ပြောပြကာ သဘောတူတူမတူတူ လက်ထပ်မည်ဖြစ်သည်။

Peculiarly System [Completed ]Where stories live. Discover now