Arc(13.2)

2.3K 254 20
                                    

" အစ်ကို..ဒီညကစပြီး ရိုစ့်လည်း ခရစ်စတန်နဲ့အတူလိုက်နေတော့မလို့တွေးထားတယ် အဖေတို့အမေတို့ကို ရို့စ်မပြောပြတော့ဘူး ''

အမန်တီက ညီမဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားကြောင့် ခရစ်စတန်ကို ကြည့်လာခဲ့သည်။

ဘယ်လိုပါလိမ့် ။
ခေတ်ကာလသားသမီးတွေများတယ်လည်းခက်ပါလားနော်။

" ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ ရို့စ်စလင်း ၊ နင်တို့တွေက လက်မထပ်ရသေးဘူးလေ ''

အမန်တီဆီဘာရန်က ကွန်ပလိန်းတက်ပေမယ့် ရို့စလင်းက ခပ်တည်တည်ပင်။ ဒါတွေပြောလာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားလည်းဖြစ်တာကြောင့် ထူးပြီးဖြေရှင်းမပြချင်ပေ။

" ခရစ်စတန် ဝင်ပြောလေ ဘာလို့အသေကောင်လိုငြိမ်နေတာလဲ ''

တစ်ချိန်လုံး ငြိမ်သက်နေသော ခရစ်စတန်က အနည်းငယ်နင်သွားရသည်။

ဘာတဲ့? အသေကောင်? ဟုတ်လား?

Kitty ကတော့ လူဖြစ်တာနဲ့ ငါ့ကို အနိုင်ကျင့်နေပြီပဲ။

ဒါနဲ့ ငါကဘာကိုဝင်ပြောရမှာလဲ။
ငါက သူ့ကိုအားကိုးနေရတဲ့လူ တနည်းပြောရရင် ငါက System ဆိုတဲ့ သောက်ကြောတင်းကြီးရဲ့ ခိုင်းဖက် ခိုင်းနွားလေးပါလို့ ။

" အဟိ ''

ရှောင်းကျန့်ရဲ့ အတွေးတွေကို ကြားပြီးနောက် Kitty တစ်ဖြစ်လဲ ရို့စလင်းက ဟန်မဆောင်နိုင်ဘဲ ရယ်သံပိစိလေး ထွက်လာခဲ့သည်။ ထို့နောက် မျက်နှာပိုးပြန်သတ်ကာ စကားဆက်ဦးဆောင်ဖို့ ချောင်းတစ်ချက်ဟန့်လိုက်သည်။

" အဟမ်း ခရစ်စတန်က အစ်ကို့ကိုကြောက်နေတာထင်တယ် ၊ အစ်ကို ခရစ်စတန်က လူကောင်းပါ ရို့စ်အတွက်လည်း အစ်ကိုစိတ်မပူပါနဲ့ ''

ငါက စိတ်မပူပါဘူး .. ဒေါ်ရို့စ်စလင်းဆီဘာရန်ရယ်။ ငါက မစ္စတာဂျိုလိုဒေးဗစ်ကိုကြောက်လွန်းလို့ပါ။
ဘာတဲ့..ခရစ်စတန်က လူကောင်းပါ ဟုတ်လား.. ငါကမသိရှာဘူး ၊ ငါက အကန်းကြီးဆိုတော့မသိရှာဘူးရယ်.. အေးအေး ကျေးဇူးပဲနော် သိလား။

" မြို့တော်ဝန်ရဲ့သားငယ်လေးမလား ၊ အစ်ကိုက မင်းရဲ့အကြောင်းတွေကို သိသင့်သလောက်သိထားပြီးသားပါ ၊ ညီမလေးရို့စလင်းပြောသလို မင်းက လူကောင်းဆိုတာတော့ အစ်ကိုမကြားမိဘူး ''

Peculiarly System [Completed ]Where stories live. Discover now