Real Life (1)

2.1K 216 2
                                    

Novel Land Hospital (Xiao gp private hospital )

VIP အခန်းနံပါတ် 101 က လူနာသတိရလာပြီ။
ဆေးရုံထဲမှာရှိတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေရဲ့ အလောတကြီး ဖြတ်သန်းကူးလူးနေကြရတဲ့အကြောင်းအရင်းက ဒါ့ကြောင့်ကိုး ။

" ဒေါက်တာဝမ် ၊ ဒေါက်တာဝမ် ''

နားနေခန်းမှ အပြင်က ညမီးရောင်စုံကို လှမ်းငေးနေပုံရသော ကျောက်ရုပ်ကြီးလို ရပ်တန့်နေတဲ့ ဒေါက်တာဝမ်ရိပေါ်က သူနာပြုမလေးရဲ့ ခေါ်သံကြောင့် သတိပြန်ဝင်လာခဲ့ရသည်။

" ဒေါက်တာဝမ်ရဲ့ လူနာလေး သတိရလာပြီတဲ့''

" ဘယ်လို? "

ဝမ်ရိပေါ်ရဲ့ရင်ဘတ်ထဲမှာ အမည်မသိတဲ့ လှိုင်းကလေးလှုပ်ခတ်လွင့်လူးသွားရတယ်။

အကြာကြီးစောင့်စားနေရတဲ့ မျှော်လင့်ခြင်းဆန္ဒလေး ပြည့်ဝသွားတဲ့ခံစားချက် ၊
ရေငတ်ပြီးသေရခါနီးမှ ရေစက်တစ်ပေါက်ကို သောက်သုံးလိုက်ရတဲ့ခံစားချက်။

နှလုံးသားငယ်က သိပ်ကိုလျင်မြန်စွာခုန်ပေါက်နေပြီး ပိုင်ရှင်ပြန်လာလို့ ပျော်ရွှင်နေတဲ့အနေအထားနဲ့ အပြင်ထိခုန်ထွက်လုမတတ်။

ဝမ်ရိပေါ်က နားနေခန်းမှ ထွက်လာပြီး လူနာလေးရဲ့အခန်းဆီကို ဦးတည်ပြေးလွှားနေရင်း နူတ်ခမ်းတွေကလည်း သိပ်လှတဲ့အပြုံးတွေ ဖြစ်တည်နေခဲ့၏။

" ကျန့်ကျန့် ''

ဒေါက်တာဦးဂျင်မီက ဝမ်ရိပေါ်ရဲ့ ပုခုံးကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပြီး ပြုံးပြသည်။

" ဒေါက်တာဝမ် မင်းသိပ်တော်တယ် ၊ အန်ကယ်လက်လျှော့ထားတဲ့လူနာကို မင်းကုသနိုင်တဲ့အတွက် တကယ်ကိုတော်တယ် ''

ကုတင်ပေါ်က လူငယ်လေးသည် ငြိမ်သက်စွာ လဲလျောင်းရင်း မျက်လုံးတွေကိုမဖွင့်သေးပေ။

သူ့၏နားအကြားအာရုံကတော့ ကောင်းမွန်နေဆဲဖြစ်ပြီး ဘေးနားမှာ ပြောနေကြတဲ့ စကားသံကို ငြိမ်ငြိမ်လေး နားစွင့်ထားဆဲပင်။

" ခုနက ဒေါက်တာတွေ သူနာပြုတွေ စုပြုံဝင်လာလို့ အန်ကယ်အကုန်လုံးကိုပြန်ထွက်သွားခိုင်းထားတာ ''

Peculiarly System [Completed ]Dove le storie prendono vita. Scoprilo ora