Arc(11.3)

2.8K 397 10
                                    


စဝ်ခွန်ချိုင်၏ပုံစံက ဒေါသထွက်နေတာကို အလွန်သည်းခံမြိုသိပ်နေပုံပင်။

သူခုနက မြင်ခဲ့ရတဲ့ မြင်ကွင်းက အာရုံလွှဲနေပေမယ့်လည်း ဖျောက်ဖျက်မရအောင် ဝင်ရောက်နေဆဲမို့ တောက်ခေါက်ကာလက်သီးကိုတင်းတင်းဆုပ်ပြီး တလှိုက်လှိုက်ဖြစ်နေသော စိတ်ကိုထိန်းချုပ်ထားရသည်။

" စောမင်းလတ်... ဘယ်လိုဟာလဲ.. ငါ့ကို သဘောကျတယ်ဆိုပြီး အစ်ကိုတော်နဲ့ ရင်းရင်းနှီးနှီး နေ နေတယ်။ ''

သက်ပြင်းတွေချပြီး သတိပြန်ဝင်လာတော့ သူဟာ စောမင်းလတ်ကို အစ်ကိုဖြစ်သူနဲ့ သဝန်တိုနေခဲ့တာပဲ လို့ သိလိုက်ရသည် ။

ဘုရားရေ...သူက စောမင်းလတ်လို အဆင့်နိမ့်တဲ့ အလုပ်သမားတစ်ယောက်ကြောင့် စိတ်ထိနိးဖို့တောင် ခက်ခဲနေပါလား။

....................

" အစော ''

" အရှင်.... ''

" လာအုန်း...မေးချင်တာရှိတယ် ''

ငှက်ပျောပင်တွေကြားကို ဆွဲခေါ်လာသည့် စဝ်ခွန်စိုင်းကို ကြည့်ပြီး စောမင်းလတ်က ငြိမ်သက်စွာလိုက်ပါခဲ့လိုက်သည်။

" အစော..ကိုယ့်ကိုပြောစမ်း .. နန်းခမ်းကလျာက အစောကိုဘာတွေလာပြောတာလဲ ''

" ဟမ်..အော် သူက အစောနဲ့ဒီအတိုင်းလာပြီးနူတ်ဆက်တာပါ.. သူ့ရဲ့ မောင်လေးကိုလည်း ဧည့်ဝတ်ပြုပေးဖို့တောင်းဆိုတာပါ ''

" ဒါပဲလား... ''

" အင်း.. ဒါပဲလေ..အရှင်က အဲ့တာမေးဖို့ အစောကို ဒီငှက်ပျောတောထဲ ဆွဲခေါ်လာတာပေါ့လေ... အရှင်ရယ် မယ်မယ်ကြီးနဲ့ သခင်ကြီးသာသိရင် အစောကို အပြစ်ပေးခံရတော့မှာပဲ... အစောသွားတော့မယ်၊ ဘာမှ စိတ်မပူနဲ့နော် ''

" အစော... ချစ်တယ်နော် ''

" အင်းပါ..သိပါတယ် ''

ရှောင်းကျန့်က လှည့်ထွက်လာရင်း ပြုံးလိုက်မိသည်။

သူ့အရှင်ဝမ်က အသိစိတ်တွေ ဝိညာဉ်အသိစိတ်တွေ ပျောက်ပျက်နေတာတောင် အရမ်းဂရုစိုက်တယ်၊ အလိုလိုက်တယ် ၊ စိတ်ပူပေးတယ်။

Peculiarly System [Completed ]Where stories live. Discover now