Arc(9.6)

3.2K 407 15
                                    

Kitty ပြောပြတဲ့ အကြောင်းတွေကို နားထောင်ပြီး ရှောင်းကျန့်က မျက်ခုံးပင့်သွားတယ်။

"ဒါဆို ဘုရင်မာလေဆိုတာက ငါ့ကို ကြံနေတာပေါ့လေ ''

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ သူ့ရဲ့စကားသံလေးက အနည်းငယ် ဆူညံသွားသယောင်။

" ဘယ်တုန်းကရောက်နေတာလဲ အကွာ..ဟင်း.. ဟုတ်တယ် ကိုယ်နဲ့ချာလိန်းတို့ အဲဒီအကြောင်း စဉ်းစားနေတာ.. အကွာ့ကို ကိုယ်စိတ်မချဘူး.. ဒီလိုလုပ်.. ကုန်းမြေပေါ်မှာပဲ အကွာသွားနေလိုက်တော့ ကိုယ်လိုက်ပို့ပေးမယ်''

စကားအဆုံး၌ ဝင်ပြောလိုက်သည့် ဗစ်တာရဲ့ စကားက စိုးရိမ်မှုအငွေ့အသက်တွေများပြားစွာပါဝင်နေတာကို အကွာရိပ်မိတာမို့ ခေါင်းကိုငုံ့ကာ ပြုံးမိသည်။

ဝမ်ရိပေါ်က ငါ့ကို ဒီလောက်ထိ ချစ်တာလား ။

အတွေးလေးနဲ့ ကြည်နူးသွားကာ ဗစ်တာအား မသိမသာလေး ခို့ကြည့်လိုက်တော့ အရည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ဆုံဆည်းသည်။

ချာလိန်းက လက်ဖျားခါကာ အပြင်ထွက်သွားတာမို့ ဗစ်တာက မျက်ရည်တွေကို ထိန်းမထားတော့ဘဲ ကျဆင်းခွင့်ပြုဖို့ဆုံးဖြတ်လိုက်သည်။

" ကိုယ်မင်းကို လွမ်းနေတော့မှာပဲကွာ ''

" အင့် ''

ဗစ်တာရဲ့ အားကကြီးလိုက်တာဆိုတာ။
အကွာ့ကို ဖက်ထားသည်မှာ အရိုးတွေကျိုးလွတ်မတတ်ပင်။

အကွာ့ရဲ့ ဆံပင်တွေကြား နမ်းရှိုက်ရင်း ဗစ်တာကအသည်းအသန်ငိုကျွေးတော့သည်။

' တောက် တောက် တောက် တောက်....... '

အဆက်မပြတ် တတောက်တောက်ကျသံက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်လျက်။

" ဗစ်တာ ''

" .....''

အသံမထွက်လာတဲ့ ဗစ်တာ၏ ကျောပြင်က တသိမ့်သိမ့်တုန်လှုပ်နေတာမို့ ငိုနေတာဖြစ်မယ်ဆိုတာ အကွာသိပါသည်။

ဒါဆို တတောက်တောက်ကျနေတာက ဘာလဲ.... ။

အ​ဖြေကိုသိရှိလိုက်ရတဲ့အချိန်မှာတော့ အကွာရဲ့ မျက်လုံးတွေက အံ့သြမှုကြောင့် လင်းလက်နေပါ၏။

Peculiarly System [Completed ]Where stories live. Discover now