Arc(10.2)

3.5K 405 16
                                    


ရှောင်းကျန့် သတိပြန်ရလာချိန်မှာ အရင်က ကျင်းရှစ်ထန်ဆေးခန်းမရဲ့ လူနာဆောင်မဟုတ်တော့တာကို သတိထားမိလိုက်၍ အမြန်ထလိုက်သည်။

' kitty ရေ.. ငါအခုပြန်ပေးဆွဲခံရတာလား'

' စလာပြန်ပြီ ဗရမ်းဗတာတွေ ..အခုက သောင်ချူယွဲ့က Host ကို ခေါ်လာတာ '

' အော်.. ဒါဆို ငါတို့က ချန်အန်းမြို့ကမထွက်ရသေးဘူးပေါ့နော်'

' ဟုတ်တယ် '

" ကျန့်ကျန့် မင်းသတိရလာပြီလား ''

" အင်း.. အစ်ကိုသောင်  အခုက..  ကျွန်တော်ဘယ်ရောက်နေတာလဲ ''

သောင်ချူယွဲ့က ပါးချိုင့်လေး ပေါ်အောင်ပြုံးလိုက်ပြီး ရှောင်းကျန့်ရဲ့ နဖူးလေးကိုစမ်းကြည့်လိုက်သည်။

" အစ်ကိုတို့က အခု တည်းခိုဆောင် မှာ..အစ်ကိုတို့ဂိုဏ်းကလူတွေဒီမှာစုကြဖို့ချိန်းထားတာ ''

" အော်.. ကျွန်တော့်ကို သူတို့တွေက လက်ခံကြပါ့မလား ''

" သေချာပေါက် သူတို့တွေကလက်ခံမှာပေါ့ ''

သောင်ချူယွဲ့၏ စကားကြောင့် ရှောင်းကျန့်က ဖြူစင်တဲ့ ကလေးငယ်လေးလို ပြုံးရယ်လိုက်သည်။

သူသည် ယခုလောလောဆယ် ငြိမ်သက်ချင်ယောင်ဆောင်နေရသည်။
သူ့စိတ်ထဲတွင် ဝမ်ရိပေါ်ကိုတွေ့ချင်လွန်းလို့ မငြိမ်မသက်ကသောင်းကနင်းဖြစ်နေပြီဆိုတာ သူကိုယ်တိုင်အသိဆုံးပင်။

" အစ်ကို၂ ငါတို့ရောက်နေပြီ ''

အပြင်က ကြားလိုက်ရတဲ့ အသံကြောင့်လူက ငှက်စိတ်ပေါက်လာရပြန်သည်မို့ ရှောင်းကျန့်က သောင်ချူယွဲ့၏ ကိုယ်ပေါ် ဖက်ခနဲ တက်ခွလိုက်သည်။

" ကျန့်ကျန့်... မကြောက်နဲ့ အစ်ကိုရဲ့မိတ်ဆွေတွေပါ ''

" မိတ်ဆွေ..မိတ်ဆွေက ဘာကိုပြောတာလဲ ဟင် ''

ရှောင်းကျန့်က ကိုယ့်ကိုယ်ကို စိတ်တိုကာ ဆဲရေးနေမိသည်။

ဘယ့်နှယ်.. ငါ အရင်တုန်းက ဘဝတွေမှာ ငါရောက်တဲ့ ကာရိုက်တာတွေကို ကောင်းကောင်းထိန်းချုပ်လို့ရပါတယ်။
အခုက လုံးဝကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်။ မပြောချင်တာတွေ ပြောမိကုန်ပြီ။

Peculiarly System [Completed ]Where stories live. Discover now