Arc(7.11)End

6.5K 638 23
                                    

" အဆင်ပြေရဲ့လား ''

" ဟင့်အင်း ''

ဆူဇူကီက ငိုရှုံ့ငိုရှုံ့နဲ့ ပြောလာတဲ့အာဆာနိုကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည် ။

" ခင်ဗျားမကောင်းဘူး..ကျွန်တော်က စေတနာနဲ့ အိမ်ပြန်ပို့ပေးတာကို...''

ပြောရင်းနဲ့ ထငိုပါသော အာဆာနိုကို ဆူဇူကီက ရင်ခွင်ထဲ ထည့်ကာ ချော့လိုက်သည်။ အာဆာနိုက သူ့ကြောင့် အိမ်မပြန

သူမှားပြီးပြီ။ အဲ့တော့ တာဝန်ယူရမယ်မဟုတ်လား ။ ကီကို နဲ့တော့ တစ်သက်လုံး ဝေးရပြီပေါ့..။

အတွေးတွေကို ရပ်ကာ အာဆာနိုကို ပွေ့ရင်း သက်ပြင်းချမိတော့သည်။

" ကိုယ်က တာဝန်ယူမှာမို့ မင်းက ငိုမနေနဲ့တော့ ဟုတ်ပြီလား ''

အာဆာနိုက ဆူဇူကီ မမြင်ရမှန်းသိတာကြောင့် ရင်ခွင်ထဲကနေ ခိုးပြုံးရင်းတွေးလိုက်သည်။

မြို့တော်ဝန်ရှီဇုခုကို ကျေးဇူးမမေ့ပါဘူး ။

.....................

" ကီကို !!!! ''

အိမ်ထဲဝင်ဝင်ချင်း အောင်လွန်းတဲ့ အသံနဲ့အော်ခေါ်လိုက်တဲ့ ဖေဖေကြောင့် ကီကိုလန့်ဖျတ်သွားရသည်။

" ဒီမှာ မစ္စတာဟာကူ... ''

" ဟိုမှာ ကီကိုနဲ့ မင်းက ရှီဇုခု ငါသိတယ် ''

ရှီဇုခုက နင်သွားရသည် ။ ပြောမယ့်စကားတွေကို တစ်လုံးချင်းအစပြန်ရှာကြည့်နေရသည်။

မစ္စတာဟာကူက ဝင်ဖောက်လိုက်တော့ လည်ချောင်းထဲက စကားလုံးတွေက အနောက်ဥရောပထိ အလည်သွားကြလေသလားမသိအောင် ရှီဇုခု အနေနဲ့ ဘာပြောရမှန်းမသိတော့။

" ဖေဖေ..''

" အခုမှ ဘာမျက်နှာနဲ့လာပြီး ဖေဖေခေါ်နေတာလဲ ဒီအိုကြီးအိုမနဲ့ လူကို.. ''

" မစ္စတာဟာကူ ကျွန်တော်က အိုကြီးအိုမဆိုပေမယ့် ​ ဘယ်လောက်တောင်လက်သွက်ပြီး သက်လုံကောင်းတယ်ဆိုတာ ခင်ဗျားရဲ့သားလေးက အသိဆုံးပဲ ''

ဖြတ်ပြောလာသော ရှီဇုခုစကားကြောင့် မစ္စတာဟာကူ သွေးတက်သွားရသည်။ မျက်နှာကြီးက နီရဲလာကာ မင်း..ဆိုတာပဲ ပြောပြီး မျက်လုံးမှိတ်သွားသည်။

Peculiarly System [Completed ]Waar verhalen tot leven komen. Ontdek het nu