Arc(1.6)

9.3K 986 16
                                    


အချိန်နာရီတွေက အကုန်မြန်သည်။
ဘာလိုလိုနဲ့ အမွေဆက်ခံသူ ကြေညာမယ့်နေ့လည်း ရောက်ဖို့ ၂ ရက်သာလိုတော့သည်။

တစ်နည်းအားဖြင့် ပရင်းလုပ်ကြံခံရသည့်နေသည့် ယနေ့ပင်ဖြစ်သည်။

ဂျော့်သည် စေ့စပ်လက်စွပ်လေးအားရွေးပြီး ပရင်းထံ လျှောက်လှမ်းလာခဲ့သည်။

"ပရင်း နေမကောင်းဘူးလား ''

မှိုင်တွေနေသည့် ပရင်းကြောင့် ဂျော့်စိတ်ပူစွာ မေးကြည့်မိသည်။

"ဟင့်အင်း အစ်ကို ရွေးပြီးပြီလား ''

"အင်း ဒီမှာ ''

"လှတယ်နော် အစ်ကို ''

"ပရင်း ကိုယ်မင်းကို ချစ်တယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ အစ်ကို့ကို ပြန်ချစ်နိုင်မလား ''

မေးခွန်းက လွယ်သည်။ သို့ပေမယ့်
ပရင်းမဟုတ်သည့် ရှောင်းကျန့်အတွက်
အဖြေပေးဖို့က ခက်ခဲသည် ။

ယောကျာ်းတစ်ယောက်ကို ချစ်တယ်ပြောရတာ ယောကျာ်းတစ်ယောက်အတွက်ခက်ခဲသည်။

အစ်ကိုဂျော့်ကို ချစ်သလားလို့ မေးရင် ဖြေဖို့ က မိမိမှာ အဖြေမရှိ။

ရင်ခုန်တာအချစ်ဆိုရင် ဂျော့်ရဲ့အနမ်းမှာ သူယစ်မူးဖူးသည်။

ဝမ်ရဲ့အကြည့်မှာ တုန်လှုပ်ဖူးသည်။

နွတ်ရဲ့ဂရုစိုက်မှုကိုသဘောကျသည်။

ဒါဆို သူဘယ်သူ့ကိုချစ်မိနေတာလဲ

ရေရာတဲ့အဖြေက သူ့မှာ လောလောဆယ် မရှိသေး။

ပရင်း၏ ဆန္ဒအရ သူ့အားတကယ်ချစ်သူကိုရွေးရမည်ဆိုလျင် အစ်ကိုဂျော့်အချစ်က ပရင်းအပေါ်စစ်မှန်သည်။

ပရင်းတစ်ဖြစ်လည်းရှောင်းကျန့်လည်း
ရင်ဖိုလှိုက်မောဖူးသည်။

ဒါဆို အစ်ကို ဂျော့်ကသာ အသင့်တော်ဆုံးဖြစ်လိမ့်မည်။

"ပရင်းလည်း အစ်ကို့ကို ချစ်ပါတယ် ''

"ခွမ် ''

ထိုအနားမှာ တစ်ခုခုကျကွဲသွားသည်ထင်ပါရဲ့။ သို့သော်  လူအများအပြား ၏ အာရုံသည် ရှေ့က ချစ်ခွင့်ပန်နေသည့်အတွဲဆီက မခွာပေ။

Peculiarly System [Completed ]Where stories live. Discover now