Arc(6.8)

5.4K 622 9
                                    


မင်္ဂလာပွဲ ကျင်းပမည့်နေမို့ ယွီယွမ်က စိတ်လှုပ်ရှားနေသည်။ ရှဲ့လီဖုန်းက  လက်ဖဝါးနုနုကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး မကြောက်ဖို့ စိတ်မလှုပ်ရှားဖို့ ပြောလိုက်မိတော့ ယွီယွမ်က ပြုံးသည်။

Kitty သည် ယွစကီးလင်လင်အတွဲအားကြည့်ကာ ဝမ်းနည်းသလို ရှိလာသည်။

စိတ်ကူးယဉ် System တဲ့ ငါ့အတွက် လက်တွဲဖော်ကျတော့ရှာမပေးဘူး ။

ရုတ်တရက် Kitty က အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်မိသည်။

" ဘာလားဟ ''

'သခင် သခင် အန္တရာယ် ရှိနေပြီ '

'ရှဲ့လီဖုန်း ထွက်သွားမှ ဖြစ်လာတာဆိုတော့ ဒါဟာ ဇာတ်လိုက်မလက်ချက်ပဲဖြစ်ရမယ်။'

' သခင် အော်လိုက်လေ အပြင်မှာ လူတွေရှိတယ် '

' ငါက ဒီလိုဖြစ်ချင်တာပါဆို ဘာလို့အော်ရမှာလဲ '

' အဲ့တာဆို သခင် Location ဖွင့်ပြီး ဖုန်းကိုခန္ဓာကိုယ်မှာ ဖွက်ထား အမြန်.. '

' ရပါတယ် ငါက ခြေရာခံစက်ရှိပြီးသား '

နာရီလိုပုံစံလက်က အပတ်ကလေးအား Kitty ကို ထောင်ပြလိုက်သည်။

Kitty မှာ သူတောင်မသိတဲ့ကိစ္စကို ကြိုသိနေတဲ့သခင့်အား လေးစားသွားရသည်။

'အကွက်စေ့လိုက်တာ သခင်ရယ် ။'

' အဲ့လိုပါပဲ ငါက ငါ့ယောက်ျားရဲ့လင်လေ'

Kitty စိတ်ဓာတ်ကျသွားအောင် မျက်ခုံးကြီးပင့်ချီကာ ပြောနေတုန်းမှာပဲ သူ့၏ လည်ဂုတ်ပေါ်က စူးခနဲ နာကျင်မှုနဲ့အတူ အမှောင်အတိ ။

^-^-^-^-^-^-^.....^-^-^-^-^-^

မင်္ဂလာခန်းမထဲကနေစောင့်နေမယ်လို့  ရှဲ့လီဖုန်းက ပြောခဲ့သည်။

အခု အခါတော်ချိန်မှာ သူ့ရဲ့ စိတ်တွေလှုပ်ရှားနေပြီး သူ့အနားကို လျှောက်လာမယ့်သူလေးရှိရာ တံခါးချပ်လှလှကို ငေးကြည့်နေမိသည်။

ခန်းမ၏ လျှောက်လမ်းအစ လှပတဲ့ တံခါးချပ်နှစ်ခုကို ဖွင့်လိုက်ပေမယ့် ဘယ်သူမှ ရှိမနေပေ။ အချိန်တစ်ခုကြာပြီးနောက်
ရှဲ့လီဖုန်းက ပြာယာခတ်သွားရသည်။

Peculiarly System [Completed ]Where stories live. Discover now