Arc(3.2)

9.6K 1K 31
                                    

အတန်းထဲရောက်တော့ လည်း အေးဆေးနေတတ်တဲ့ Jason ဗီဇအတိုင်း အခန်းထောင့်မှာဝင်ထိုင်လိုက်သည်။

အတန်းချိန်က စောသေးတာ​ကြောင့် နားကြပ်တပ်ကာသီချင်းနားထောင်နေလိုက်သည်။

ရှောင်းကျန့်၏မျက်လုံးတို့က နာခံစွာပဲအိပ်ပျော်သွားဖို့ဖြစ်လာသည်။

ဟဲ့ Jason မလား
သူက ချောလိုက်တာဟယ်

အေး ငါတို့ သူ့ရဲ့ ချောမောမှုကိုအခုမှမြင်ရတာ ဝမ်းနည်းလိုက်တာအေ

ဟုတ်တယ် ဆို

စသည့် အသံပေါင်းစုံက အခန်းထဲမှာ အမြင်ကတ်လောက်အောင်ထွက်ပေါ်နေသည်။

မကြာလိုက်ပါ ။ အသံပေါင်းစုံက တိတ်ဆိတ်သွားရသည်။

"တောက်တောက်တောက် ''

လက်သည်းနဲ့ခုံရဲ့ထိခတ်တဲ့အသံက အနီးကလာသည်။

"ဘယ်ကောင်လဲကွ ငါအိပ်နေတာကိုနှောင့်ယှက်ရဲတာ ''

အိပ်နေတဲ့အချိန်မှာ နှောက်ယှက်တာကိုမုန်းတာမို့ ထဟောက်လိုက်တော့ အကြည့်စူးစူးနဲ့ ထိုလူသားကပြန်ကြည့်လာသည်။

နေစမ်းပါအုံး သူ့ကို ငါသိသလိုပဲ
ဟမ် ဒါက ဇာတ်လိုက်

"မင်း ငါနဲ့ စာရင်းရှင်းဖို့ရှိတယ် လိုက်ခဲ့ ''

"ဘာ ''

နားမလည်ဘူးဖြစ်နေသည့် ထိုအူကြောင်ကြားအား Lucas က ဆွဲခေါ်လာခဲ့သည်။

"ဟေ့ လွှတ် ဘာလုပ်တာလဲ ဟေ့လူ ခင်ဗျား အနိုင်မကျင့်နဲ့ ဟေ့ ''

ဇာတ်လိုက်တို့မည်သည် အင်အားကြီးစမြဲပင်။ သူတစ်ပါးကို အနိုင်ကျင့်နေရင်တောင် ဇာတ်လိုက်တို့က ချောမောမှုတွေ လျော့နည်းမသွားပေ။

"ရှင်း ဒါက ဘာသဘောလဲ ''

"ဘာကိုလဲ အော် ကားထားထားလို့လား
အံ့သြပ ပါးစပ်ကပြောတော့ မင်းပါးစပ်ကြီးနူသွားမှာမို့လို့လား ''

အောင့်စူစူနဲ့ ကားပေါ်တက်ကာ စက်နိူးပြီးနေရာရွှေ့ပေးလိုက်သည်။

ငိုးမ ဇာတ်လိုက် သူ့အဖေကျောင်းများအောက်မေ့နေသလား အမိန့်နဲ့ အာဏာနဲ့ ပါဝါနဲ့ စွဇာတ်လိုက်တွေမေတ္တာကိုမရှိဘူး
ဟွန့် မပတ်သတ်ချင်လို့ ပြန်မပြောဘဲ နေတာ ကြောက်လို့တော့ မထင်နဲ့ ငါက အာဂယောကျာ်း

Peculiarly System [Completed ]Where stories live. Discover now