Arc(12.1) Ben

3.5K 395 8
                                    

" ဘန်..ဒယ်ဒီ့ရဲ့ဘန်လေးက ဘာဖြစ်နေတာလဲ.. ဒီနေရာကြီးကို မကြိုက်လို့လား ''

အေး..ဟုတ်တယ် မကြိုက်ဘူး ။

အန်ဒရူးသည် နားရွက်တွေထောင်ကာ မာန်ဖီပြနေသော ဘန်ကြောင့် အစွယ်သေးသေးလေးတွေပေါ်အောင်ပြုံးလိုက်ပြီး လေသံဖျော့ဖျော့နဲ့ ချော့မော့ပြောဆိုလာသည်။

" ဘန်..ဒယ်ဒီက ဒီမှာ ဝယ်စရာလေးရှိနေလို့ပါကွာ.. ခဏလေးစောင့်နော် လိမ္မာပါတယ် ဒယ်ဒီ့ ဘန်လေးက ''

အန်ဒရူးက သားချော့သလိုချော့မြူနေတာမို့ ဘန်ကငြိမ်သက်သွားပြီး ပွဲထဲက လူတွေကို ထောင်ထောင် ထောင်ထောင်နဲ့လိုက်ကြည့်နေလေသည်။

'Kitty.. လုပ်ပါအုံး ဇာတ်ကြောင်းလေး'

' ခဏစောင့်နော် '

ဘန်က ငြိမ်သက်ပြီး ရင်ခွင်ထဲတိုးလာသည်မို့ အန်ဒရူးက ပြုံးလိုက်မိ၏။
ဒီဝဝတုတ်တုတ်ပေါက်စလေးကို ချစ်မဝစွာ ငုံ့နမ်းလိုက်ပြီးနောက် လေလံပွဲကို အာရုံစိုက်ထားလိုက်သည်။

ရှောင်းကျန့်မှာ ဇာတ်ကြောင်းအစုံကို နားထောင်ပြီး နားရွက်တွေဟာ ၉၀°ပိုမိုထောင်တက်သွားရသည်။

အကြောင်းမှာ သူက ဇာတ်လိုက်မမီးဖွားနိုင်ရေးအတွက် အသက်ပေးစတေးခံရမည့်ယစ်ပူဇော်ခံယုန်သတ္တဝါလေးဖြစ်သည်။

ဒီကမ္ဘာ၏ ဇာတ်လိုက်က တော်ဝင်ဗန်ပိုင်ယားမျိုးနွယ်၏ ဆက်ခံသူ ဟင်နရီဖြစ်ပြီး အလွန်သွေးအေးကာ ရက်စက်သောသူဖြစ်သည်။ ဇာတ်လိုက်မက သာမန်လူသားတစ်ယောက်ဖြစ်ပြီး ဟင်နရီ၏အချစ်ကိုပိုင်ဆိုင်ခွင့်ရခဲ့သော တစ်ဦးတည်းသော အမျိုးသမီးငယ်ဖြစ်သည်။ သူမအမည်က ဘယ်လာဖြစ်ပြီး ဟင်နရီရဲ့ အချစ်ခံဂရုစိုက်ခံ မိန်းမချောလေးဖြစ်သည်။ သူမကိုယ်ဝန်ရှိလာချိန်မှာ သွေးကိုတောင့်တလာပြီး တစ်နေ့လျှင် သွေးတစ်အိတ်သောက်သုံးရလေသည်။ သူမကလေးမွေးမည့်အချိန်မှာ ကလေးမွေးဖို့ ခဲယဉ်းတာကြောင့် ယုန်တစ်ကောင်ကို ယစ်ပူဇော်ကာ လတ်ဆတ်တဲ့  ယုန်သွေးကိုသောက်ပြီးမှ ကလေးမွေးဖို့ လွယ်ကူစေခဲ့သည်။

ထိုယုန်လေးက ဟင်နရီရဲ့ အစ်ကိုဖြစ်တဲ့ အန်ဒရူး၏ ယုန်လေး ဘန်ဖြစ်ပြီး ခယ်မလေးကို သနားတာကြောင့် ချစ်ရတဲ့ယုန်လေးကို ယစ်ပူဇော်ဖို့ အန်ဒရူးက လက်ခံပေးခဲ့တာဖြစ်သည်။

Peculiarly System [Completed ]Onde as histórias ganham vida. Descobre agora