Arc(4.5)

7.6K 779 19
                                    


"ဂျွန်ဆန်း ''

ရုံးပိတ်ရက်မို့ဧည့်ခန်းမှာစာအုပ်ဖတ်နေစဉ် ကြားလိုက်ရတဲ့ ဇာတ်လိုက်အသံကြောင့်

'ကျစ် ဒီဇာတ်လိုက်က ဘာဖြစ်ချင်နေတာလဲ'

ရှောင်းကျန့် ခပ်ချဉ်ချဉ်ပဲ တွေးလိုက်မိသည်။

သူ့စိတ်ထဲမှာ လောလောဆယ် ရှိနေတာ တခြားမဟုတ် ။

သူ့ချစ်သူပင်ဖြစ်သည်။

အခုချိန်ထိ ထပ်ပေါ်မလာသောချစ်သူ ကြီးက ဘယ်များသဝေထိုးနေပါသလဲဟု  မေးတိုင်း မသိဘူးလို့သာ ဖြေနေသော
Kitty ကို အမြီးဆွဲကာ ကိုင်ပေါက် ပစ်ချင်စိတ်တွေလည်း တဖွားဖွားဖြစ်ရသည်။

"ဘာကိစ္စရှိလို့လဲ ''

"ဒီအတိုင်းပဲ မင်းဆီလာတာပါ ဟေးရင်လည်းပါလာတယ် ''

"အော်.. ''

ရှောင်းကျန့် မြည်သံစွဲကာဖြေလိုက်ပြီး အာသမ်းလိုက်သည်။ မျက်ရည်ကြည်တွေ ဝိုင်းသွားသော မျက်ဝန်းအိမ်လေးက အရည်လဲ့နေသည်။

"ဆောဂျွန်ဆန်း မတွေ့တာကြာပြီနော် ''

"အင်း ''

ဂါဝန်အဖြူလေးနဲ့ ကပိုကရိုဆံနွယ်ထုံးဖွဲ့ထားသည့် ဇာတ်လိုက်မက အများအမြင်မှာ နတ်သမီးလေးနဲ့ပင်တူနေသည်။

ရှောင်းကျန့် /ငါ့ ကို မထည့်နဲ့ အဲ့ဒီ အများထဲမှာ ငါမပါဘူး

"ငါတို့က ဒိတ်မလို့လေ ''

"မင်းကို ငါမေးမိလို့လား ''

ဟေးရင် ပါးစပ်ပိတ်သွားရသည်။ စကားကို တုံးတိပြောလာသည့် ဆောဂျွန်ဆန်း ကိုလည်း မယုံနိုင်သလို ကြည့်နေသေးသည်။

"ဂျွန်ဆန်း ''

မင်ယောင်းက မျှော်လင့်ချက်အနည်းငယ်ပါဝင်သော မျက်ဝန်းတွေနဲ့ ကြည့်ရင်း ခေါ်လာသည်။

"အင်း ''

"ငါတို့ အတူတူနေ့လည်စာစားကြမယ်မလား ''

"ငါ မအားဘူး ''

"....''

ရှောင်းကျန့် ငြင်းလိုက်ပြီးမှ ဇာတ်လိုက်မ၏ ဝင်းပသွားသောမျက်နှာကြောင့် အကျင့်လေးယုတ်ချင်လာသည်။

Peculiarly System [Completed ]Where stories live. Discover now