Arc(11.9)End

3.4K 388 17
                                    


စဝ်ခွန်ချိုင်က တကယ်ကိုအဆင်မပြေတော့ပေ။
စီးပွားရေးအဆင်မပြေရတဲ့ကြားထဲမှာ နန်းခေမာနဲ့ လက်ထပ်ဖို့ ခဏခဏတိုက်တွန်းနေသော မယ်မယ်ကြောင့် အရူးတစ်ပိုင်း ဖြစ်တော့မလို ခံစားနေရသည်။

စောမင်းလတ်ကိုလည်း အခုတလော သိပ်မတွေ့ရပေ။ ဒါ့ကြောင့် ဒီနေ့တော့ စောမင်းလတ်ဆီကို သွားဖို့ဆုံးဖြတ်ထားသည်။

" စောမင်းလတ်က ဘယ်မှာလဲ ''

" သခင်လေးခွန်စိုင်းရဲ့ လိမ္မော်စိုက်ခင်းမှာပါ ''

ဟော်နန်းက အိမ်တော်ဝန်းဝိုင်းများစွာမှာ လိုက်ရှာရင်း မတွေ့သည်မို့ အလုပ်သမားတစ်ယောက်ကို မေးကြည့်လိုက်တော့ ထိုသို့ဖြေလာခဲ့သည်။

" စဝ်ခွန်စိုင်းကို စောမင်းလတ်က အရမ်းဦးစားပေးနေသလိုပဲ၊ ဟိုသခင်လေး စိုင်းခမ်းကိုလည်း မတွေ့မိတာကြာပြီ ဆိုတော့ သူတို့အတူတူရှိနေကြတာများလား ''

စဝ်ခွန်ချိုင်က အစ်ကိုဖြစ်သော ခွန်စိုင်း၏ လိမ္မောခြံဘက်ကို လျှောက်လာခဲ့သည် ။

..........

" လတ် ''

" ဗျာ ''

စိုင်းခမ်း၏ ခေါ်သံကို ပြန်ထူးလာသော စောမင်းလတ်က တောင်းထဲကို လိမ္မော်သီး ခူးထည့်နေတာလည်း မပျက်ပေ။

" စဝ်ခွန်ချိုင်က နန်းခေမာကို လက်ထပ်ရတော့မှာတဲ့ ''

" အစောစိတ်မဝင်စားဘူး.. အစ်ကို ''

စိုင်းခမ်းက ပေါ့ပေါ့ပါးပါးနဲ့ ဖြေလာတဲ့ စောမင်းလတ်ကြောင့် ပျော်ရွှင်သွားရသည်။

" ဒါဆို ကိုယ့်ကိုချစ်တယ် ဆိုတာကရော ''

နောက်ကထွက်ပေါ်လာတဲ့ ဇာတ်လိုက်အသံကြောင့် စောမင်းလတ်က လန့်သွားတာကို စိုင်းခမ်းလည်းမြင်လိုက်သည်။

" သခင်လေးခွန်ချိုင်ကို အစော မချစ်ပါဘူး.. အစောဘယ်တုန်းကများ ချစ်တယ် ပြောခဲ့ဖူးလို့လဲ ''

" ....''

" သခင်လေးခွန်ချိုင်ကို အစောမချစ်ပါဘူး..ကိုယ့်လက်ထပ်ရမယ့်ဒေဝီလောင်းလဲရှိနေပြီပဲကို.. အစောကို မယ်မယ်ကြီးက ထပ်မုန်းတီးအောင်မလုပ်ပါနဲ့တော့ ''

Peculiarly System [Completed ]Where stories live. Discover now