Arc(3.1)Jason

11.1K 972 38
                                    


ရှောင်းကျန့်သည် ခြေကားယားလက်ကားယားအိပ်နေတဲ့ ခန္ဓာကိုယ်ထဲရောက်လာတဲ့အတွက် သက်တောင့်သက်သာဖြစ်တာကြောင့်မျက်စိမှိတ်ကာ ဇာတ်လမ်းအကျဉ်းကိုနားထောင်နေလိုက်သည်။

ရှောင်းကျန့်သည် ဒီကမ္ဘာရဲ့အချက်အလက်တွေကိုလက်ခံလိုက်သည်။

ဒီကမ္ဘာက သာမန်ပါဘဲဟု ကောက်ချက်ချလိုက်သည်။

ဒီကမ္ဘာက ဇာတ်လိုက်မသည် ရုပ်ဆိုးမလေးဟု Seminery တက္ကသိုလ်မှာ နိုမ်ခံရသည်။

သူမသည် စာဂျပိုးတစ်ယောက်ဖြစ်ပြီး
ပါဝါထူမျက်မှန်ကြီးတပ်ကာ တကယ့်ကို ပုံပန်းကြည့်ရဆိုးသည်။ သူမမှာ မျက်လုံးလှလှလေး ကိုယ်ခန္ဓာလှလှလေး ရုပ်ရည်ချောမောပြေပြစ်ပါရက်နှင့် မနေတတ်မထိုင်တဲ့မပြင်တတ်တာကြောင့် ကြည့်မကောင်းခြင်းဖြစ်သည်။

သူမသည် အနိုမ်ခံနေရသည့် ချင်းဟွာတက္ကသိုလ်မှာ ဆက်မတက်ချင်တော့တာကြောင့် Global တက္ကသိုလ်သို့ပြောင်းခဲ့သည်။ သူမသည် တက္ကသိုလ်တက်ဖို့
မျက်နှာကိုသေချာပြင်ဆင်ဖြီးလိမ်းသည်။
ထို့နောက် ခရီးဆောင်အိတ် ဆွဲကာ Global  တက္ကသိုလ်မှာခြေချသည်။

ဇာတ်လိုက်မတို့သဘောသဘာဝအရ ကျောင်းကိုစရောက်ရောက်ခြင်းမှာပဲ ဇာတ်လိုက်နဲ့တွေ့သည်။ ကောင်းမွန်သောတွေ့ခြင်းမဟုတ်ဘဲ အလွဲများနှင့် ဘာညာပေါ့။ ဒီကမ္ဘာက ဇာတ်လိုက်က နှစ်ယောက်ဖြစ်ပြီး တစ်ယောက်ကနတ်ဆိုး
တစ်ယောက်က နတ်သားလေးဟုနာမည်ကြီးသည်။ နတ်ဆိုးကဇာတ်လိုက်ဖြစ်ပြီးနတ်သားကတော့အရံဇာတ်လိုက်လေးသာဖြစ်သည်။

နတ်ဆိုးဆိုတာဇာတ်လိုက်မကသီးသန့်ပေးထားသည့်အမည်ဖြစ်သည်။

ကဲ အဲ့တာတွေထားပါတော့ ငါနဲ့ မဆိုင်ဘူး

ရှောင်းကျန့် ယခုရောက်နေသည့် ခန္ဓာပိုင်ရှင်သည် ကျောင်းထဲမှာ မည်သူနမျှအဝိုင်းလေး၏ ဖုံးကွယ်မှုကြောင့်မထင်မရှားရှိလှသည်။ Jason သည် မတော်တဆ ကားတိုက်ခံရပြီး သေဆုံးခဲ့သည်။

Jason ဖြစ်ချင်တာက ဒီဇိုင်နာတစ်ယောက်
သူအသက်ရှင်လျက်ပျော်ရွှင်စွာနေထိုင်ချင်ခဲ့တာဖြစ်သည်။ အိမ်ထောင်ဖက်တစ်ဦးနဲ့မိဘက တွေ့ပေးလာတဲ့အခါ တွေ့ပြီး အိမ်ထောင်ပြု အဲ့လောက်ထိ ရိုးရှင်းသည့် Jason ပါလေ ။

Peculiarly System [Completed ]Where stories live. Discover now