Arc(4.9)

6.6K 742 17
                                    

"ဂျွန်ဆန်း ကိုယ်ဒီနေ့ အိမ်ပြန်နောက်ကျမှာနော် စိတ်ပူနေမှာစိုးလို့''

"အင်းပါ ကျွန်တော်လည်း ညနေဘက်မှာ အပါးတို့အိမ်ကိုခဏသွားမလို့ ''

"ဟုတ်ပါပြီ ဂရုစိုက်နော် ကိုယ်သွားတော့မယ် ''

"အင်း ခင်ဗျားရောပဲ ''

ထွက်သွားသည့် ဘတ်ဒုံဆူကို ရှောင်းကျန့်တမေ့တမောငေးကြည့်နေမိသည်။

'Kitty ငါအရင်ဇာတ်ကြောင်းတွေနဲ့အများကြီးသွေဖီသွားတယ်လို့ခံစားရတယ် '

'ဟုတ်တယ် သခင် မူလဇာတ်ကြောင်းမှာ
သခင့်ရဲ့ ခန္ဓာကိုယ် ပိုင်ရှင် ဆောဂျွန်ဆန်းက ဟာမင်ယောင်းအတွက် သူ့အမွေရပိုင်ခွင့်တွေလွှဲပေးခဲ့တယ် ပြီးတော့ ဟာမင်ယောင်းကဂန်ဟေးရင်နဲ့လက်ထပ်တယ် ပြီးတော့ သူတို့လုပ်ငန်းငပိုအဆင်ပြေပြီး ဘတ်ဒုံဆူက ဘာမှ မလုပ်နိုင်လောက်အောင် သူတို့က ရှယ်ယာရှင်တွေအားလုံးကိုငွေနဲပေါက်နိုင်ခဲ့တယ်'

"....''

'အခုက ဆောဂျွန်ဆန်း မသေဘူး အဲ့မှာ ဇာတ်ကြောင်းတွေပြောင်းသွားရောပဲ ''

"နေအုံး ဆောဂျွန်ဆန်းက သူ့ရဲ့ အမွေတွေကို ဟာမင်ယောင်း ဆီကို ဘာအကြောင်းနဲ့လွှဲပေးတာလဲ '

'သခင်ရယ် သူက ချစ်နေတာလေ အဲ့တော့ သူ့ရဲ့အချစ်တွေမွှန်နေတာလေ သေပြီးမှ သူက နောက်တစ်ကြိမ် ရှိခဲ့ရင် ဟာမင်ယောင်းဆီမကျရှုံးဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာ '

"သြော် ''

...........

"ဟေးရင် ''

ဂန်ဟေးရင်သည် သူမအချိန်ပိုင်းအလုပ်လုပ်ရာ ခေါက်ဆွဲပြုတ်ဆိုင်လေးမှ ထွက်လာစဉ် ကြားလိုက်ရသည့် ခေါ်သံကြောင့် ရင်ထဲမှာ သိမ့်ခနဲ လှိုက်ဖိုသွားရသည်။

ယခုအချိန်က အရှုံးသမား တစ်ယောက်ဖြစ်နေသည့် သူမအတွက် ဟာမင်ယောင်း၏နှစ်သိမ့်မှုကိုလိုအပ်သည်။
ယခု သူမတောင့်တနေသည့် ဟာမင်ယောင်းက သူမဆီကိုရောက်လာခဲ့သည်။
သို့သော် သူမအများကြီးမျှော်လင့်မထားပေ ။ ဟာမင်ယောင်းက ဆောဂျွန်ဆန်းကို သဘောကျနေတာလို့ သူမထင်မြင်နေတာကြောင့်ဖြစ်သည်။

Peculiarly System [Completed ]Where stories live. Discover now