Arc(11.8)

2.4K 337 5
                                    


" ဘယ်လိုဖြစ်တာလဲ ''

" မသိဘူး မယ်မယ်..ကျွန်တော့်ရဲ့ လုပ်ငန်းဆောင်တာတွေက အနှောင့်အယှက်ခံနေရတယ် ''

စဝ်ခွန်ချိုင်က မယ်မယ်ကို ပြောရင်း သက်ပြင်းချနေရသည်။
အခုစဝ်ခွန်စိုင်းရဲ့ လုပ်ငန်းတွေက အဆင်ပြေချောမွေ့နေပြီး သူ့အလုပ်တွေကတော့ တစ်ခုပြီးတစ်ခု အဖျက်အဆီးခံနေရသည်။

" ခွန်စိုင်းနဲ့  အတူပူးပေါင်းပြီး လုပ်ပါလား ၊ သားခွန်စိုင်းက အခုတလောအဆင်ပြေနေပုံပဲ ''

" မပူးပေါင်းချင်ပါဘူး မယ်မယ်.. ''

" ဒါဆို နန်းခေမာနဲ့ လက်ထပ်ပါလား ''

" မယ်မယ်.. လက်ထပ်ဖို့အသာနေပါအုန်း၊ စီးပွားရေးအဆင်ပြေဖို့ ကျွန်တော်အရင်လုပ်ပါရစေ''

"...သဘောပါ.. ဒါပေမယ့် နန်းခေမာကလည်း သူမရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူမို့ အချိန်ဆွဲလွန်းရင် သိပ်မကောင်းဘူး ''

" ကျွန်တော်နားလည်ပါပြီ ''

မယ်မယ်ကြီး ထွက်သွားပေမယ့် စဝ်ခွန်ချိုင်က အခုထိ ငြိမ်သက်ပြီး အလုပ်လုပ်ဖို့ မေ့နေဆဲပင်။

..................

'Host.. ဟိုတစ်ယောက်မြွေခြောက်ကိုက်နေပြီ'

Kitty ပြောလာတဲ့ စကားကြောင့် ရှောင်းကျန့်က ပေါင်းမြက်တွေနူတ်နေရင်း ပြန်ပြောလိုက်သည်။

ညင်ညင်သာသာပါပဲ။

' သေပြီလား '

' အဲ့ဒီမြွေခြောက်မဟုတ်ဘူး..သူ့စီးပွားရေးကို တုတ်နဲ့ ထိုးခံနေရတာ '

' ငါသိပြီ.. အဲ့တာက စိုင်းခမ်းကြောင့် မလား'

Kitty က မျက်ခုံးပင့်ကာ စောမင်းလတ်ကို ကြည့်နေပြီး စောမင်းလတ်ကတော့ ခပ်ချေချေအပြုံးကြီးနဲ့ပင်။

' kitty မီးလောင်ရာကို လေပင့်ပေးလို့ရမလား'

' ဘယ်မှာ မီးလောင်နေလို့လဲ.. အဲ့တာမျိုးက အိမ်ရှင် ထောင်ကျတတ်တယ်နော် '

ရှောင်းကျန့်ရဲ့ မျက်နှာက kitty ကို လိုက်မမီတော့အောင် ဦးနှောက်ကျပ်မပြည့်တာပဲ ဆိုတဲ့ အတွေးကြီးနဲ့ မို့ အမြင်ကတ်စရာကောင်းနေသည်။

Peculiarly System [Completed ]Where stories live. Discover now