Arc(10.5)

2.8K 359 2
                                    

လော့ရန်ကို သွားတဲ့ ခရီးလမ်းတစ်လျှောက်မှာ အဖြစ်အပျက်တွေက ထွေထွေထူးထူးတော့ မရှိပေ။

တစ်ခုတော့ အခက်အခဲရှိသည်။
၄င်းမှာ လော့ရန်ကို ရောက်ခါနီးတွင် ကန္တာရ တစ်ခုကို ဖြတ်ရမည်ဖြစ်ပြီး ထိုကန္တာရတွင် မထင်ရင်မထင်သလို သဲမုန်တိုင်းကျတတ်တာပဲဖြစ်သည်။

" မကောင်းတော့ဘူး..သဲမုန်တိုင်းကျလာပြီ''

ဟွမ်ကျောင်းကျောင်းက ရှေ့ဝါးနှစ်ပြန်စာလောက်အလိုမှာ ထောင်းထမှုန်မှိုင်းလာသည့်အခြေအနေကြောင့် ဆိုလိုက်တာဖြစ်ပြီး သောင်ချူယွဲ့သည်လည်း အခြေအနေကြောင့် မျက်နှာပျက်ယွင်းသွားတော့သည်။ သို့သော် ခရီးကိုဆက်ရမည်သာဖြစ်၍ သဲမုန်တိုင်းကိုလည်း အမှုထားမနေတော့ပေ။

သဲမုန်တိုင်းအတွင်းဖြတ်သန်းရင်း ပိုဆိုးလာသည့် မုန်တိုင်းအခြေအနေကြောင့် လမ်းက ဦးတည်ရာမဲ့သွားသလိုပင်။

" အစ်ကို၂ လမ်းတွေက မသဲကွဲဘူး.. ဘယ်လိုလုပ်ကြမလဲ..ရှေ့ကိုကောင်းကောင်းမမြင်ရတော့ဘူး ''

ယွဲ့ကျုံးက စကားဆိုလာသည့်အခါ စဉ်းစားနေသော သောင်ချူယွဲ့က သက်ပြင်းချလိုက်သည် ။

" ဒဏ္ဍာရီ ထဲမှာ ကြားဖူးတာက ဒီသဲကန္တာရမှာ ဝင်ပြီး နားခိုဖို့ မြေအောက်နန်းတော်လို့ခေါ်တဲ့ ရှေးဟောင်းအဆောက်အဦရှိတယ် တဲ့ ..ငါတို့ အဲ့ဒီကို သွားကြမလား ''

" အစ်ကို၂က နေရာသိလို့လား ''

" ငါစာအုပ်တွေထဲမှာ ဖတ်ဖူးတယ်.. အဲ့ဒါက ရှေ့နားမှာ ရှိတယ် ထင်တယ်.. ငါ့နောက် လိုက်ခဲ့ ''

" သွားကြတာပေါ့ ''

ယွဲ့ကျုံးနဲ့ စကားအပြန်အလှန် ပြောနေသည့် သောင်ချူယွဲ့၏ ပုံစံက သဲမုန်တိုင်းကြားထဲမှာတောင် ထင်လင်းနေပါ၏။

ပိတ်ဖြူသားလွှမ်းသည့် ဝါးခမောက်ကိုဆောင်းထားသော သောင်ချူယွဲ့က ပါးချိုင့်လေးပေါ်အောင်ပြုံးပြီး မြင်းကို မောင်းနှင်သည်။

မကြာခင်မှာပဲ ဒဏ္ဍာရီလာ အဆောက်အဦကို သူတို့အဖွဲ့ရောက်ရှိခဲ့ကြပြီး တံခါးချပ်ကို ဖွင့်ကာ အထဲကိုဝင်ခဲ့ကြသည်။

Peculiarly System [Completed ]Where stories live. Discover now