Arc(13.5)

1.9K 237 3
                                    

အိမ်ရှေ့ကို ထိုးရပ်လာသည့် ကားဖြူလေးထဲမှ ထွက်လာသော ဇိုဝီက အိမ်တော်အတွင်းထဲကို ဒရောသောပါး ဝင်ရောက်လာခဲ့သည်။

ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်နေသော မာမီရဲ့နံဘေး၌ ကပ်ချွဲနေတဲ့ အဆိုးလေးကြောင့် ယခုမှ သူမက သက်ပြင်းချနိုင်တော့သည်။

သူမမှာ မနီလာတစ်မြို့လုံး ဒီမောင်လေးနဲ့ပတ်သတ်တဲ့အကြောင်းတွေလိုက်စုံစမ်းနေခဲ့ရတာ။

ဆီဘူးနဲ့ ပနေးမြို့တွေအထိ ရဲမှုးတွေကို အလုပ်ပေးမိသည်အထိ။

" ခရစ်စတန်.. မောင်လေး ''

" မမ ''

ဟီးခနဲရယ်ပြလာသည့် မောင်လေးကို ပြေးဖက်လိုက်ပြီး မောင်လေး၏ တစ်ကိုယ်လုံးကို သေချာစစ်ဆေးကြည့်လိုက်သည်။

ဘာမှ မဖြစ်တာသေချာတော့မှ ခရစ်စတန်၏ နဖူးကို လက်ဆစ်လေးနဲ့ ခေါက်ချလိုက်သည်။

" အာ့..နာတယ် မမရဲ့ ''

" ဟွန့် မမဘယ်လောက်စိတ်ပူနေသလဲသိရဲ့လား''

" ....''

ဘာမှ ပြန်မပြောတော့ဘဲ တဟဲဟဲ နဲ့ ရယ်ကျဲကျဲဖြင့် ရင်ခွင်ထဲ တိုးဝင်လာသည့်မောင်လေးကို သူမက ပြန်လည်ဖက်တွယ်ထားလိုက်သည်။

" ဒယ်ဒီနဲ့တွေ့ပြီးပြီလား ''

" ဟင့်အင်း ၊ ပြန်ရောက်မှ တွေ့ကြမယ်တဲ့ ၊ ဒီနေ့ အစည်းအဝေးတစ်ခုလုပ်ရမှာမို့တဲ့ ''

" အော် ''

" ကဲ ..မမက ဒီနေ့ပိတ်ရက်ဆိုတော့ မောင်လေးကို အပြင်လိုက်ပို့ပေး ''

" နင် အပြင်ကပြန်လာတာ ဘယ်နှစ်နာရီ ရှိပြီလဲ''

ဒီစကားသံသည်ကား မစ္စဂါဘရီရယ်လ်က ပြောလာခြင်းဖြစ်ပြီး သားဖြစ်သူကို မျက်စောင်းတစ်ချက် အဆစ်ထိုးလိုက်သေးသည်။

" မာမီကလည်း ''

" သွား.. ဒီတစ်ခါတော့ မာမီအလိုမလိုက်ဘူး ၊ သမီး ဇို အလုပ်တွေမပြီးပြတ်သေးဘူးမလား သွားဆက်လုပ်ချေ ၊ သားခရစ်စတန်လည်းရေချိုးတော့ ''

" ဟွန့် ''

နှာမှုတ်လို့ ထွက်သွားသော ခရစ်စတန်ကို ဇိုဝီနဲ့ မစ္စဂါဘရီရယ်လ်ကတိတ်တိတ်လေးခိုးရယ်လိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now