Arc(5.7)

5.8K 732 43
                                    


" ပိုင်ခုံချွဲ့ ရေ မြေ လေ မီး သစ် အလံတပ်၅ဖွဲ့လုံးကို သေချာလေ့ကျင့်ထားဖို့ပြောလိုက်ပါ မကြာခင်မှာ ယွီချွမ်ပြည်တော်ကို သိမ်းပိုက်ပြီး ဧကရာဇ်ပိုင်ဝူရိကို ဖြုတ်ချပစ်မယ် ''

သြဇာညောင်းလှသည့်အသံက ပိုင်ခုံချွဲ့၏ နားထဲမှာ တိုးဝင်နေသည်။

"ဟုတ်ကဲ့ ဂိုဏ်းချုပ် ''

သူမသည် အမြန်ပင် ထိုနေရာမှထွက်လာခဲ့လိုက်သည် ။ သူမအနေနဲ့ ဂိုဏ်းချုပ်ကြီး အား အလွန်ပင် ကြောက်ရပါသည်။
စိတ်မထင်လို့ ကြည့်လိုက်သည့်အကြည့်ကပင် သေလိုက်လို့ ပြောနေသလို ခံစားရသည်။

ဒေါင်းဖြူမယ်ထွက်သွားမှ ချွင်စန်း သက်ပြင်းချကာ စားပွဲပေါ်က လက်ဖက်ရည်ကြမ်းအား ငှဲ့လိုက်သည်။

" ရှောင်ဖုန်း ကိုယ်မင်းကို မကြာခင်မှာ ပိုင်ဆိုင်ရတော့မှာပါ အဲ့ဒီအခါကျရင် မင်းကိုယ့်ကို မောင်းထုတ်လို့မရတော့ဘူး
မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ ''

ချွင်စန်းသည် ရုတ်တရက် လေထုမငြိမ်မသက်ဖြစ်နေသည်အား သတိထားမိသွားသည်။ မကြာခင်မှာပဲ အိပ်ပျော်သွားပြီး သူ့၏ ကိုယ်ထဲက အလင်းတစ်ခုထွက်သွားလေသည်။

..................^-^...............

Space ထဲကို ရုတ်ချည်း ဆွဲခေါ်လာခဲ့သည့် မော့ယွဲ့ဖေးအား ဝမ်ရိပေါ်က စိတ်ထဲရှိတဲ့အတိုင်းဆို ဘောလုံးတစ်လုံးလို ပုတ်ပြီး အာကာသထဲပစ်ပေါက်လိုက်ချင်သည်။

"ယွဲ့ဖေး ဘာလို့ ငါ့ကို ခေါ်တာလဲ ''

"အစ်ကိုရိပေါ် အကူအညီတောင်းစာရောက်လာလို့ ''

"ယွဲ့ဖေး လီမုရုံနဲ့ မြန်မြန်လက်ထပ်ချင်နေပြီလား ''

"အဲ့ဒီ လီမုရုံနဲ့ မယူချင်ပါဘူးဗျာ အဲ့တာ အသာထားအုန်း အကူအညီတောင်းစာရောက်လာတယ် အဲ့တာ အစ်ကိုရိပေါ် ဒီကမ္ဘာကနေ မြန်မြန်ထွက်ရမယ် ''

"ဘယ်သူက အကူအညီတောင်းတာလဲ ''

"အစ်ကို့ရဲ့ မဟာမိတ်တစ်ယောက်က ''

"ပြီးရော ဒါပေမယ့် ငါက သွားလို့ မဖြစ်သေးဘူးလေ ရှောင်အာနဲ့ ချစ်ဖို့ကျန်သေးတယ် အပြည့်အဝမချစ်ရသေးဘူး ''

Peculiarly System [Completed ]Where stories live. Discover now