Arc(3.7)

7.4K 834 44
                                    

ရှောင်းကျန့်သည့် မှုန်ကုပ်နေသည့် နှစ်ယောက်အား အမြန်ထပ်ပြီး မျက်နှာချိုသွေးလိုက်သည်။

"ငါ တကယ်ပြောတာပါ သူနဲ့ ငါက စာအကြောင်းဆွေးနွေးနေတာ ''

"ကိုယ်ဘာပြောနေလို့လဲ ''

Lucas ကပြောပြီး Jason ၏ ပေါင်ပေါ်မှာ ခေါင်းအုံးပြီး လှဲချလိုက်သည်။

"Lucas ''

"အင်း ''

"မင်းက ထပါအုန်း လူမြင်မကောင်းဘူး''

Noah ကပေစောင်းစောင်းနဲ့ကြည့်နေသည်။

ထို့နောက် သူတို့နှစ်ယောက်အနားကနေထွက်လာခဲ့သည်။ နောက်အပါးမှ Jason ၏ ခေါ်သံကြောင့် ခြေလှမ်းတွေရပ်တန့်သွားရသည်။

"Noah ဘယ်လဲ ငါ ပြောစရာရှိတယ် ''

"ဟမ် ''

Lucas သည် Noah ကို လှမ်းခေါ်နေသည့် Jason အားကြည့်ကာ နှာကစ်သွားရသည်။

'သူရှိနေပြီ ဘာလို့ Noah လဲ'

တွေးနေစဉ်မှာပဲ Noah က အနားရောက်လာပြီဖြစ်သည်။

"Lucas ထလေ ''

Jason ၏ စကားကြောင့် Lucas လည်းထလိုက်ပြီး Noah ကို မျက်ထောင့်နီနဲ့ ကြည့်နေသည်။

တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်နေသည့် ထိုနှစ်ယောက်ကို ရှောင်းကျန့်စိတ်ညစ်သွားသည်။

'ငါ ဘယ်လိုပြောရမလဲ Kitty ရေ'

'သခင့်စိတ်ထဲရှိတာပြောလိုက်ပါ '

"အဟမ်း ''

ရှောင်းကျန့်က ဆုံးဖြတ်ချက် ချတာသေချာပြီဆိုတဲ့အနေအထားဖြင့် ချောင်းဟန့်ကာ ဆက်ပြောသည် ။

"Lucas Noah နှစ်ယောက်စလုံးက ငါ့ကို ချစ်တယ်လို့ ဝန်ခံထားတယ်နော် ''

"........''

ရှေ့က နှစ်ယောက်က မျက်နှာငယ်တွေနဲ့
မော့ကြည့်လာကြသည်။

"အဲဒီတော့ ငါက စဉ်းစားနေတာ မင်းတို့နှစ်ယောက်က Boyfriend Material တွေပါ ဘယ်သူ့ကိုရွေးရမလဲ ငါ့အတွက် စဉ်းစားတိုင်း အဖြေကမထွက်ဘူးဖြစ်နေတယ် ဘာလို့လဲ ဆိုတော့ မင်းတို့က ငါ့ရဲ့ ချစ်သူဖြစ်ဖို့ အရည်အချင်း ရှိတယ် ''

Peculiarly System [Completed ]Where stories live. Discover now