Arc(5.9)

5.6K 668 15
                                    

Kitty က ရေးကြီးသုတ်ပျာပြေးလာပြီး
ရှောင်းကျန့်ကို စကားဆိုသည်။

"မကောင်းတော့ဘူး မကောင်းတော့ဘူး သခင် မကြာခင်မှာပဲ  ယွီချွမ်မှာစစ်ဖြစ်တော့မယ် ကျွန်တော်တို့ ထွက်ပြေးကြမလား ''

ရှောင်းကျန့် နားလည်သွားပြီး Kitty ကို စိတ်လေစွာကြည့်သည်။

သူတကယ်ပဲ Kitty ကိုစိတ်ကုန်နေပြီ ။
ဒီက ချစ်သူကို လွမ်းပါတယ်ဆို သူက အလောတကြီး ငှက်ပျောသီး လာလုပ်နေတယ် ။

"Kitty ငါ့ကို နှလုံးရောဂါရပြီးသေအောင်လုပ်နေတာလား အလောတကြီးလာလုပ်နေတယ် အခု ငါစားနေတဲ့ မုန့်ပြုတ်ကျသွားပြီ ''

"ဟမ် ???''

Kitty ဆွံ့အသွားရသည်။ အများသူငါ စစ်ကိုကြောက်လို့ရိက္ခာတွေထုတ်ပိုးပြီး အထုပ်ဆွဲပြေးနေတဲ့အချိန် သူ့ရဲ့ ချစ်ရတဲ့ သခင်အချောလေးရှောင်းကျန့်က မုန့်တောင်ဇိမ်ခံစားအုန်းမလို့တဲ့ ။

'ငါမပျော်တော့ဘူး အစ်ကိုရိပေါ်ကိုပြောပြီး မြန်မြန်လေး Real Life ကိုပြန်ရမယ်။

ဟို Fujoshi မလေးနဲ့မတွေ့ရလည်း မတတ်နိုင်ဘူး ဟို ကြမ်းကြမ်းတမ်းတမ်း
လီမုရုံနဲ့ ပေးစားလည်း မျက်စိမှိတ်ပြီး မော့ယွဲ့ဖေးက ဘဝအဆုံးခံပြီးယူပစ်လိုက်မယ် ကြောင်ဘဝနဲ့ စိတ်အညစ်မခံနိုင်တော့ဘူး ။ '

Kitty ရဲ့ မဲ့ရွဲ့နေတဲ့မျက်နှာကြောင့် ရှောင်းကျန့် စူးစမ်းသလိုကြည့်ရင်း လည်ချောင်းထဲက ယားယံလာသည်။

တခြားကြောင့် မဟုတ် ။ သူက မေးခွန်းအနည်းငယ်မေးချင်ရုံသာ ။

သူ့ကို သတိထားမိ၍ Kitty က ကြောင်မျက်ဝန်းတွေနဲ့ ကြည့်လာသည့်အခါ သွားဖြဲကာ ရယ်ပြလိုက်ရသည်။

"Kitty မင်းက ဘာလဲဟင် ''

"အင်း ဘာလို့ သိချင်တာလဲ ''

"ဒီအတိုင်းပဲ မင်းက ငါ့ကို နည်းနည်းလေး စိတ်ဝင်စားအောင်လုပ်နိုင်လို့ ''

'ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လင်ပါပဲ
ငါ့ကို အမြန်အကဲခတ်နိုင်တယ် သူအကဲခတ်နိုင်တာသိပ်တော့မဆန်းပါဘူး
ဘာလို့လဲဆိုရင် ငါက သူနဲ့အနေများပြီး
အားတိုင်းပြိုင်ဆိုင်ရန်ဖြစ်နေတာကိုး..။'

Peculiarly System [Completed ]Where stories live. Discover now