Arc(1.8)

9.5K 924 32
                                    

ဘန်ကောက်မြို့တော်၏ Top 1 ဆေးရုံ၌
အလုပ်ရှုပ်နေသော ဆရာဝန်တစ်စု။

......................

ရွှေစံအိမ်၏ ဧည့်ခန်းမှာတော့

'ဖြန်း '

"မေမေ ''

"ငါ့ကို မေမေလို့ မခေါ်နဲ့ နင့်လို အကြံပက်စက်ယုတ်မာတဲ့ ကိုယ့်မောင်ရဲ့သားဘဝကို ပျက်စီးအောင် လုပ်တဲ့သမီးမျိုးငါ့မှာမရှိဘူး နီ ''

"မဟုတ်ဘူး မေမေ အထင်လွဲနေပြီ ''

"ငါက အထင်လွဲပြီး နင့်ကို ပြောနေတာဆို ဒါတွေက ဘာလဲ ''

"နင့်ယောကျာ်း အလွိုက်က ပရင်းကိုဖျက်ဆီးပြီး သတ်ပစ်တဲ့အခါမှ နင်တို့လုပ်တာဖြစ်မှာလား နင်အဲ့လောက်တောင် စည်းစိမ်ကိုမက်နေတာလား
နီ နင့်ယောကျာ်းနဲ့ နင်နဲ့ ပြောနေတဲ့စကားတွေက ဘာတွေလဲ မဟုတ်ဘူးဆိုရင် ရှင်းလေ ''

"ဖွားဖွား ''

ထပ်ပြီး လက်ပါတော့မည့် သခင်မနုကို
မေရမ်က  ဝင်ဆွဲပေးသည်။

"ဖွားဖွား စိတ်လျော့ပါ ဖွားဖွား ''

"မေရမ် ''

"ဟုတ် ''

"ညည်းအမေကို ငါစိတ်ပျက်မိတယ်
ပြီးတော့ ညည်း ကိုယ်ဝန်ကဘယ်သူနဲ့ရတာလဲ ဟမ် ''

"ရှင် ''

မေရမ်မှာ ဖွားနု အမေးကို အံ့သြကြောင်ငေးနေမိစဉ်။

"ဘယ်လို မေမေ ဘာပြောလိုက်တာလဲ မေရမ်က ကိုယ်ဝန် ပြောစမ်း မေရမ် ဒါဘယ်သူနဲ့ရတာလဲ မေရမ် သမီးမိုက်''

"သူ့ကို ပြောနေတဲ့ ညည်းကရော ဘယ်လောက်လိမ္မာခဲ့လို့လဲ နီ မေရမ်က လူငယ်သဘာဝအရမှားခဲ့တာ ညည်းက
အသက်က တစ်ဝက်ကျိုးနေပြီကို ညည်းသမီးကိုတောင်မဆုံးမနိုင်တဲ့အထိ အလေလိုက်နေခဲ့တာမလား ''

ဖွားနုရဲ့ အော်ဟောက်သံကြောင့် ဒေါ်နီက ငြိမ်သက်လျက် ။

သူမလည်းအပြစ်ရှိမလား

"ကဲ ပြော ညည်းကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲ မေရမ် ဖွားဖွားကို အမှန်အတိုင်း ပြော ဖွားဖွားစီစဉ်ပေးဖို့ အဆင်သင့်ပဲ''

Peculiarly System [Completed ]Where stories live. Discover now