Chapter 4

4.4K 387 2
                                    


Chapter 4 : အသိဥာဏ်မရှိသော မျက်ဖြူဝံပုလွေ

ချောင်ဝေ့မင်သည် ယခုနှစ်တွင် လေးဆယ်ပြည့်ပြီးခါစ အရွယ်သာရှိသေး၏။ သူသည် ငယ်စဥ်က အတော်လေးကြည့်ကောင်းသောသူ ဖြစ်ခဲ့လေရာ အသက်ကြီးလာသော်လည်း ဖက်ရှင်ကျကျ ဝတ်စားပြင်ဆင်နေဆဲဖြစ်သည်။ အိမ်၌ဖြစ်စေ အပြင်၌ဖြစ်စေ သူ့ဆီမှ ရေမွေးနံ့ခပ်သင်းသင်း အမြဲရနေတတ်၏။ ဆံပင်မှာလည်း အမြဲတမ်း တောက်ပြောင်နေပေသည်။

သို့ရာတွင် ရုပ်ရည်သွင်ပြင်ဆိုသည်က စိတ်နှလုံးနှင့်လိုက်၍ အိုမင်းလာစမြဲပင်။ မည်မျှပင်ကြိုးစားနေစေကာမူ သူသည် အမြဲတမ်း တဇောက်ကန်းခွေးတစ်ကောင်သာဖြစ်သည်။ သူသည် ကြည့်ကောင်းနေစေရန် အမြဲတမ်း နည်းမျိုးစုံဖြင့် အသေးစိတ် ထိန်းသိမ်းခဲ့၏၊ သို့သော် တကယ်တမ်း သူ၏အမွေးအမျှင်မရှိသော ပြောင်ချောချောမျက်နှာနှင့် သူ၏အပြုံးကို ပေါင်းစပ်လိုက်ပါက သူ့ကို မိန်းမစိုးတစ်ယောက်ဟု ထင်မှတ်ရစေသည်။

"ဖေဖေ သမီးက မမကို ကောင်းကောင်းမွန်မွန်မေးနေတာပါ။ သူက ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါဖြစ်နေတယ် မသိဘူး။"
ချောင်ဟုန်ယဲ့သည် သူမ၏စကားကြောင့် ပြဿနာတက်မည်ကို ဂရုမထားဘဲ ပြောလိုက်၏။

သူမ၏မိဘများသည် သူမအား ကျင်းယွင်ကျောင်း၏မွေးဖွားမှု ဇာစ်မြစ်အမှန်တရားကို ပြောပြပြီးဖြစ်သည်။ အကယ်၍ ကျင်းယွင်ကျောင်းသည် သူမ၏အစ်မအရင်းဖြစ်လျှင်တော့ သူမ အများကြီး ဂရုစိုက်နေမည်မဟုတ်သော်လည်း ကျင်းယွင်ကျောင်းသည် သူမ အမေက ကောက်ယူလာသော ပစ္စည်းတစ်ခုသာဖြစ်၏။

သူမ၏အမေက ပြောသည်မှာ ကျင်းယွင်ကျောင်းသည် ကံအညံ့များကို တွန်းလှန်ဖယ်ရှားပေးရန်အတွက် ဤတွင် ရှိနေခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့်သာဆိုပါက ကျင်းယွင်ကျောင်းသည် ကျွန်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သင့်သည်လေ။ အဘယ့်ကြောင့် ကျင်းယွင်ကျောင်းသည် သူမအား အမြဲတမ်း တွန်းချရန်  ကြိုးစားနေရသနည်း။

ကျောင်းရှိ ဆရာဆရာမများက အမြဲပြောလေ့ရှိသည်၊ ချောင်မိသားစု၏သမီးနှစ်ယောက်သည် မွေးရာပါ ထူးချွန်ထက်မြက်သူများဖြစ်ကြသည်ဟု၊ အထူးသဖြင့် ကျင်းယွင်ကျောင်းဖြစ်သည်။ ထိုသို့ပြောသည်အား ချောင်ဟုန်ယဲ့ ကြားသည့်အခါတိုင်း ပုရွက်ဆိတ်ထောင်ပေါင်းများစွာက သူမ၏နှလုံးသားကို တရွရွကိုက်ဖြတ်နေသကဲ့သို့ ခံစားရ၏။ ကျင်းယွင်ကျောင်းသည် အဆင့်အတန်းနိမ့်ကျသည့် မိမစစ်ဖမစစ်တစ်ယောက်သာဖြစ်ကြောင်း လူတိုင်းကို ပြောပြလိုက်ချင်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now