Chapter 175

1K 100 0
                                    

Chapter 175 : ပထမတန်းစား ဆန်ကုန်မြေလေး

ကန်စုန့်ပိုင်က သူမ၏ စကားများထဲမှ ထူးဆန်းသော အချက်များကို သိသိသာသာ သတိပြုမိလိုက်၍ ပို၍ အသေးစိတ်သိရရန်အတွက် မေးခွန်းအနည်းငယ် ပိုမေးလိုက်သည်။ နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် ရှန်းကျင်၏ဘဝကို 'စိတ်ပျက်ဖွယ်အလိလိဖြစ်သော ယူကျုံးမရဖြစ်ခြင်း' ဟူသည့် စကားစုဖြင့်သာ ဖော်ပြနိုင်ကြောင်း နားလည်သွားတော့၏။

ရှန်းကျင်၏ အမျိုးသားအမည်မှာ ချင်ဇစ်ရွယ် ဖြစ်သည်။ သူက သူမ၏ ကောလိပ်အတန်းဖော်ဖြစ်ခဲ့ပြီးနောက် သူတို့ ချိန်းတွေ့ကြရာမှ နောက်ပိုင်းတွင် လက်ထပ်ကြသည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ခဲ့ကြ၏။

သို့ရာတွင် ထိုအချိန်က ချင်ဇစ်ရွှယ် မိသားစု၏ ငွေရေးကြေးရေး အခြေအနေမှာ မဆိုးသည့်အပြင် ကျင်မိသားစုက အနည်းငယ် အောင်မြင်သော စီးပွားရေးလုပ်ငန်းကို စီမံခန့်ခွဲနေပြီဖြစ်သည်။ ရှန်းကျင်သည် သူ့ အဖေဖြစ်သူ၏ တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် သူက သူမအား တုန်နေအောင် ချစ်သည်။ ထို့ကြောင့် မင်္ဂလာပွဲအတွက် လိုအပ်သော ငွေကြေးအားလုံးကို ကျင်မိသားစုကပင် တာဝန်ယူခဲ့၏။

နှစ်ယောက်သား လက်ထပ်ပြီးနောက် မကြာခင်မှာပင် ရှန်းကျင်၏ အဖေသည် ပြင်းထန်သော ရောဂါကို ခံစားရပြီး အိပ်ယာထဲ လဲခဲ့တော့သည်။ ရှန်းကျင်က ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ဆက်ခံခဲ့ပြီး အတော်လေး အရည်အချင်းရှိခဲ့သည်ဟုလည်း ပြောနိုင်၏။

သို့ရာတွင် ချင်ဇစ်ရွှယ်၏ အခြေအနေမှာမူ လုံးဝဆန့်ကျင့်ဘက်ဖြစ်သည်။ သူ ဘာပဲလုပ်လုပ် မအောင်မြင်ပေ။ အခြားသူများက သူ့အား မိန်းမတစ်ယောက်ကိုပင် မယှဥ်နိုင်ဟု လှောင်ပြောင်ကြ၍ အချို့လူများက သူကဲ့သို့သော အခြေအနေနှင့် အဘယ်ကြောင့် အပြင်ထွက်ပြီး အလုပ်တစ်ခုရှာချင်နေသေးသနည်းဟုပင် မေးကြ၏။ သူသည် အိမ်၌ပင် အေးအေးဆေးဆေး နေနိုင်၍ ရှန်းကျင်၏ အကျွေးအမွေးအစောင့်ရှောက်ခံ ယောက်ျားဖြစ်လာပြီး ဇနီးဖြစ်သူကို ကူညီကာ ကလေးများကို သင်ကြားပေးသင့်သည်ဟုပင် ပြောကြသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now