Chapter 160

1.5K 133 0
                                    

Chapter 160 : ဒါတွေအားလုံးက သူတို့အမှားတွေပဲ

ကျင်းယွင်ကျောင်း လုပ်လိုက်သည့် ထိုလှုပ်ရှားမှုအတွဲလိုက်သည် တစ်မိနစ်မျှပင် အချိန်မယူလိုက်ရချေ။ အခြားကျောင်းသားများက ထိတ်ထိတ်ပျာပျာ စဖြစ်လာကြပြီး သူတို့အားလုံးသည် အန္တရာယ်ကို ရှောင်ရှားရန်အတွက် အချင်းချင်း ပူးကပ်နေကာ ကျင်းယွင်ကျောင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အပေါ်၌ အန္တရာယ်ပြုလာမည်ကို ကြောက်ရွံနေကြသည်။

အခြားအခန်းများက စာသင်ချိန်များ စနေပြီဖြစ်သောကြောင့် အနီးနားတွင်လည်း ဆရာများတစ်ယောက်မှ မရှိ၍ ကျောင်းသားများသည် ဆရာတစ်ယောက်ကို သွားရှာရန် အချိန်မရှိသလို ရှာလည်း ရှာရဲကြပုံမပေါ်ပေ။

ချောင်ဝေ့မင်က ကြမ်းပြင်ပေါ်တွင် အော်ဟစ်ညည်းညူနေပြီး တစ်ဖက်၌ ကျင်းယွင်ကျောင်းက သူ ခံစားနေရသည်ကို မမြင်ရသလိုပင် ပြုမူကာ သူ့အား အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"ရှင်က မကြာခင် သေတော့မယ့်သူ မဟုတ်ဘူး။ ဘာလို့ သရဲတစ်ကောင်လို ညည်းညူနေတာလဲ။ အကယ်လို့ ကျွန်မ ရှင့်ဆီကနေ နောက်ထပ်အသံထွက်လာတာကို ကြားရရင် ရှင့်ကို စူးစူးဝါးဝါး အော်ရအောင် လုပ်ပေးမယ်"

သူမ၏ စကားဆုံးသည်နှင့် ချောင်ဝေ့မင်သည် ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။

သူသည် ကျင်းယွင်ကျောင်းက အလွန်ခွန်အားကောင်းလာသည်ကို လုံးဝလျစ်လျူရှုထားမိ၏။ ခုနက လှုပ်ရှားမှုတစ်ချို့သည် လုံးဝအရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပင် ဆက်တိုက်မလုပ်နိုင်သော အရာဖြစ်သည်။ ဤကဲ့သို့သော ခွန်အားမျိုးကို ရန်စရန်အတွက် သူ့မှာ ဘယ်နေရာက သတ္တိရှိမည်နည်း။

"ထွက်သွား"

ကျင်းယွင်ကျောင်းက ဟိန်းဟောက်လိုက်သည်။

ယခု ကိစ္စများအားလုံးသည် ပြီးဆုံးသွား၍ ပတ်ဝန်းကျင်ရှိ လူများ၏ တင်းတင်းကြပ်ကြပ်အဆွဲခံထားရသော အာရုံသည် နောက်ဆုံး၌ အနည်းငယ် သက်သာရာရသွား၏။ အထူးသဖြင့် ချောင်ဝေ့မင်သည် လွတ်ငြိမ်းချမ်းသာခွင့်ကြီးတစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ ပြုမူ၍ အသနားခံနေသော ပုံရိပ်ကို ဖြတ်ချလိုက်ကာ ကြမ်းပြင်ပေါ်မှ ထရပ်လိုက်၍ ခလုတ်များပင် တိုက်ကာ အလောတကြီး ထွက်သွားတော့သည်။ သူ့အတွက် ကံဆိုးသည်မှာ တံခါးဝ၌ လူတစ်ယောက်နှင့် မတော်တဆ ဝင်တိုက်မိလိုက်၍ သူ့ထံမှ မထီမဲ့မြင်ဖြင့် ဘေးသို့ ဆောင့်ကန်ခံလိုက်ရပြန်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now