Chapter 127

1.3K 117 0
                                    

Chapter 127 : ပြန်ပေးဆွဲခြင်း

ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းက ဒရိုင်ဘာအား မိန်းလမ်းမကြီးမှ မသွားခိုင်းဘဲ ထိုအစား ထျန်းရှန်းလော်၏ အနီးရှိ လမ်းကြားလေးတစ်ခုထဲသို့ မောင်းဝင်ရန် တောင်းဆိုလိုက်သည်။ စင်စစ် တစ်စုံတစ်ယောက်အား ပြန်ပေးဆွဲပါက ဖြတ်သွားဖြတ်လာများ၏ မျက်လုံးများအောက်၌ ဖြစ်ပျက်ရန်မှာ မဖြစ်နိုင်ပေ။

ဒရိုင်ဘာသည် သိချင်စိတ်များ ပြည့်နေသော်လည်း ၎င်းမှာ ကာစတန်မာ၏ တောင်းဆိုချက်ဖြစ်ရာ သူက သူမ၏ ညွှန်ကြားချက်များအား လိုက်နာရမည်မှာ အမှန်ပင်။ အထူးသဖြင့် အစောပိုင်းက သူမ လူတစ်ယောက်အား ရိုက််လိုက်သည့်ပုံမှာ အတော်လေး အထင်ကြီးစရာဖြစ်၏။ သူမသည် အတော်လေး ငယ်ရွယ်ပုံပေါက်သော်လည်း ဖုန်းပြောနေစဥ်၌ သူမ၏ ထူးဆန်းသော လေသံကို သူကြားခဲ့ရသည်၊ သူ ထိုအကြောင်းကို များများစားစား မတွေးရဲပေ။ ကျင်းယွင်ကျောင်း ကားပေါ်မှ ဆင်းသွားသောအခါ သူသည် သူမ၏ လုံခြုံရေးအတွက် သတိပေးရန် ကားတံခါးပေါက်မှ ခေါင်းထုတ်၍ပင် ပြောလိုက်သေးသည်။

နေဝင်သွားပြီဖြစ်ရာ စင်စစ် လှပသော မိန်းကလေးငယ်လေးတစ်ယောက်က ဤကဲ့သို့ လမ်းကြားလေးတစ်ခုထဲ၌ ရှိနေခြင်းက အလွန်အန္တရာယ်များလှ၏။

သူမ ကားပေါ်မှ ဆင်းလာပြီးနောက် အခြားကားတစ်စီးသည်လည်း ရပ်သွားကြောင်း သိသိသာသာပင် ခံစားမိလိုက်သည်။ သူမက ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် အကွေ့တစ်ခုအား ကွေ့လိုက်၏။ သူမ၏ အနောက်မှ သတိရှိရှိ လှမ်းနေသော ခြေလှမ်းများ၏ ပဲ့တင်သံကို ကြားနေရရာ သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုက မသိမသာ ပေါ်ထွက်လာသည်။

ဟွားဇယ်က နောက်မှ တစ်ယောက်လိုက်လာသည်ဟု ပြောပြီးသားဖြစ်ရာ သူမသည် လမ်းကြားလေးထဲ၌ ဆက်မနေတော့ပေ။ သူမက အရှိန်မြှင့်၍ လမ်းကြားလေးများ၏ ဝင်္ကပါထဲမှ ထွက်လိုက်သည်။

ထိုအချိန်၌  သတိကြီးကြီးထား၍ နောက်ကလိုက်နေသော ချောင်ဟုန်ယဲ့သည် အတော်လေး သောကရောက်နေ၏။ ကျင်းယွင်ကျောင်း လမ်းလျှောက်သည်မှာ မြန်လွန်းလှပြီး လမ်းကြားကလည်း ခြောက်ခြားဖွယ်ရာကောင်း၍ သူမအား ကြောက်ရွံ့လာစေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now