Chapter 173

1K 117 0
                                    

Chapter 173 : နင် ဘာလို့ သေမသွားတာလဲ

အဖွားအိုသည် ထန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အမူအယာမှာ အားရကျေနပ်စွာဖြင့် ပျော်ရွှင်နေပြီး သူမ၏ အတော်လေး အဝလွန်နေသော ခန္ဓာကိုယ်က သူမ၏ ဘေးရှိ အိမ်ရှင်မအပေါ်သို့ လုံးလုံးလျားလျား ပစ်မှီထားသည်။

သူမ၏ လည်ပင်း၌ လုံးဝန်းသော ပုလဲလည်ဆွဲကို ဆင်မြန်းထားပြီး လက်၌ ရွှေလက်စွပ်တစ်ကွင်း ဝတ်ဆင်ထား၏။၊ သူမသည် နွမ်းလျနေပုံပေါ်သော်လည်း လမ်းလျှောက်သည့်အချိန်တိုင်း "အာယို...အာယို" ဟု အဆက်မပြတ် အော်ညည်းနေသည်။ သူမ၏ ခြေလှမ်းများက သေးငယ်ကျဥ်းမြောင်း၍ အတော်လေး အချိန်ယူပြီးနောက်မှ သူမသည် ဆိုဖာပေါ်၌ လဲလျောင်းလိုက်နိုင်၏။ သူမက အဖိုးကန်အား မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"သမားတော်ကန်ရေ၊ ရှင် ကျွန်မကို ဆေးနည်းနည်းပိုပေးနိုင်မလား။ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နာနေရုံတင်မကဘူး၊ ယားပါ ယားနေသေးတယ်"

သမားတော်ကန်က ခေါင်းကို မသိမသာ ယမ်းလိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းရန် လျှောက်သွားလိုက်သည်။

"ခင်ဗျားရဲ့ရောဂါက တကယ်တော့ အဲ့လောက်လည်း မပြင်းထန်ပါဘူး။ ခင်ဗျား ရက်နည်းနည်းလောက် ဆေးသောက်ပြီးသွားရင် ပြန်ကောင်းလာသင့်တယ်။ ဒါပေမယ့် ခင်ဗျားက ယားယံနေတယ်လို့ ခံစားရတယ်လို့ ပြောတော့ ဒါက ခင်ဗျား မကြာသေးခင်က ပင်လယ်စာတွေ စားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုတာ အသေအချာပဲ။ ကျုပ်ပြောတာ မှန်ရဲ့လား"

သူတို့က ဆေးကုသခငွေကို ချေထားပြီးဖြစ်၍ သူသာ ဤအဖွားကြီးအား ရောဂါများ ပျောက်ကင်းအောင် ကုသပေးပါမည်ဟု ကတိပေးမထားမိပါက သူသည် သူ၏ အချိန်ကို အဘယ်ကြောင့် ဤအဖွားကြီးနှင့် ဖြုန်းတီးနေလိမ့်နည်း။

"ကျွန်မကို ထိခိုက်မိအောင် ဘယ်သူက ဓါးနဲ့ယမ်းမှာလဲ။ ဒီအိုနေတဲ့ အရိုးတွေက နာလာတဲ့အခါတိုင်း ကျွန်မကို သတ်နေသလိုပဲ။ ဘာလို့ ကျွန်မက ရှင်အကြံပေးတာကို နားမထောင်ရမှာလဲ။ ကျွန်မ နေ့တိုင်း ဆေးသောက်ပြီးတော့ အချို့အစားအသောက်တွေကိုလည်း အမြဲတမ်း ရှောင်တယ်။ ရှန်းကျင်၊ နင် ငါ့ကို မထောက်ခံပေးဘူးလား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now