Chapter 61

3.2K 313 2
                                    

Chapter 61 : မျှော်လင့်မထားသော မတော်တဆဖြစ်ရပ်

ထိုအချိန်တွင် ကျန်ရှက သူသည် သဘောထားကြီးပြီး ချင့်ချိန်တတ်သူတစ်ယောက်ဖြစ်၍ ဖျန်ဖြေပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ယဲ့ချင်းက ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာသည် နီမြန်းနေရာမှ ဖြူဖျော့သွား၏။

သူမသည် ကျင်းယွင်ကျောင်းက ဟင်းအကျန် တစ်ပန်းကန် ပို့လိုက်ခြင်းကြောင့် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဟင်းပွဲ၏ စျေးနှုန်းကြောင့်သာ ဒေါသထွက်ခြင်းဖြစ်၏။

ဤဟင်းပွဲတစ်ပွဲသည် သူမ၏ တစ်စားပွဲလုံးစာ တန်ဖိုးနှင့် ညီမျှသည်။ ယခု သူက သူမကို အဲဒီဟင်းနှစ်ပွဲ မှာစေချင်နေတာလား။ ထိုများပြားသော ပိုက်ဆံကို သူမ ဘယ်က ရလိမ့်မည်နည်း။

သူမ၏ မွေးနေ့ဖြစ်တာတောင် သူမသည် မိဘများအား အချိန်အတော်ကြာအောင် တောင်းပန်ပြီးမှ ယွမ်ငါးရာသာရခဲ့သည်။ သို့သော် ထိုပမာဏနှင့် မည်သို့လောက်ငှမည်နည်း။ သူမတွင် ရွေးခြယ်စရာမရှိသောကြောင့် လက်ဝတ်လက်စားများနှင့် ယခင်နှစ်မွေးနေ့များက သူမ၏ မိဘများ  လက်ဆောင်ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို ရောင်းချခဲ့ရသည်။ သူမသည် ထိုပိုက်ဆံကို သူမအတွက် ဝတ်စုံအလှများဝယ်ရန် သုံးလိုက်ပြီး ထိုမှ ကျန်သော ပိုက်ဆံနှင့်သာ သူမ၏ အတန်းဖော်များကို ထမင်းတစ်နပ် ဧည့်ခံခြင်းဖြစ်၏။

"ကျန်ရှ၊ နင် ဆက်ပြောစရာမလိုဘူး။ ငါတို့က သူတောင်းစားတွေ မဟုတ်ဘူး။ ငါတို့လာခဲ့တာလည်း အစားအသောက်အတွက်မဟုတ်ဘဲ သူ့ကို မျက်နှာသာပေးဖို့ လာခဲ့တာ။ ဒါပေမယ့် သူက ငါတို့ကို ဒီလိုမျိုး စော်ကားမယ်လို့တော့ မထင်လိုက်မိဘူး။ ဒီလိုဖြစ်သွားကတည်းက ဒီမှာ နေစရာအကြောင်းလည်း မရှိတော့ဘူး။ ငါတို့ အရင်ဆုံး ထွက်သွားမယ်"

ဟင်းအနှစ်များနှင့် ပက်ခံရသော မိန်းကလေးက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို ဆွဲယူကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ယဲ့ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ဤမိန်းကလေးသာ ထွက်သွားပါက အခြားသူများကလည်း အဘယ်ကြောင့် ဆက်ထိုင်နေရပါဦးမည်နည်း။ သူမ ပိုပြီး အရှက်ကွဲသွားမည်မဟုတ်လား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now