Chapter 76

2.5K 257 0
                                    

Chapter 76 : အထူးပညာရေး

ယန်ထျန်းထျန်းသည် ကရုဏာတရားကင်းမဲ့သော မိန်းကလေးတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ယခုအခါ ယဲ့ချင်း ပါးစပ်ဖွင့်၍ တောင်းပန်လိုက်သည်ကို မြင်သည်နှင့် သူမ၏ စိတ်ရင်း ဟုတ်မဟုတ် ဂရုမစိုက်တော့ဘဲ ယန်ထျန်းထျန်းသည် အန်တီယဲ့၏ ကိုယ်စား ထိုအကြောင်းအရာ ထပ်၍ အာရုံများများစားစား မထားတော့ရန် ဆုံးဖြတ်လိုက်သည်။

ယန်ထျန်းထျန်း၏ အခြေအနေ တည်ငြိမ်သွားပြီးနောက် ကျင်းယွင်ကျောင်းသည်လည်း အိမ်ပြန်ရန် ထွက်လာခဲ့၏။ သို့သော် သူမသည် အိမ်မပြန်မီ အစားအသောက်များအတွက် ကျသင့်ငွေကို ရှင်းရန် စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။

အခြားတစ်ဖက်တွင် ဤအန်တီယဲ့သည်လည်း အတော်လေး တာဝန်ယူတာဝန်ခံမှုရှိသော လူတစ်ယောက်ဖြစ်၏။ သူမသည် ကျန်ရှိသော ငွေများကို ဆေးပစ္စည်းအချို့ဝယ်၍ ယန်မိသားစုအား ပို့ပေးခဲ့သည်။ ယဲ့ချင်းက သိတတ်မှုမရှိသည့် တစ်ခုခုအား ပြောလိုက်တိုင်း သူမက ယဲ့ချင်းအား ဆူငေါက်၍ ရိုက်နှက်မည်မှာ အသေအချာပင်။ ထို့နောက် ညဥ့်နက်သောအခါ သူတို့သည် အိမ်ပြန်သွားကြပြီး ယဲ့ချင်း၏ မျက်နှာသည်လည်း ဝက်တစ်ကောင်ကဲ့သို့ ဖူးယောင်နေသည်။

"နင် တနင်္လာနေ့ကျရင် ကျောင်းပြန်သွားရမယ်၊ ပြီးတော့ အပြုအမူတွေကို သတိထားဖို့ မမေ့နဲ့။ ဘာကိုမှ သွေးထိုးလှုံ့ဆော်တာ မလုပ်နဲ့၊ ဘယ်သူ့ကိုမှ ရန်မစနဲ့။ တကယ်လို့ နင် ဒီလိုမလုပ်နိုင်ရင် အိမ်ကို ပြန်လာဖို့ စဥ်းတောင် မစဥ်းစားနဲ့၊ လမ်းပေါ်မှာပဲ ငတ်သေ"

အန်တီယဲ့က ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူမသည် သူတို့၏ အိမ်ဟုခေါ်သည့် ရှုပ်ပွနေသောနေရာအား ကြည့်လိုက်၏။

"အခုကစပြီး ငါအပြင်ကို အလုပ််ထွက်လုပ်ရင် နင် အိမ်မှုကိစ္စတွေအားလုံး လုပ်ရမယ်။ ချက်ပြုတ်တာ မဟုတ်ရင် လျှော်ဖွပ်တာ လုပ်ရမယ်။ နင် နောက်မှာ တစ်ခုမှ ချန်ထားခဲ့လို့ မရဘူး"

ယဲ့ချင်း၏ အံ့အားသင့်၍ ဒေါသထွက်နေသော အမူအယာအောက်မှာပင် အန်တီယဲ့သည် အိမ်ထဲသို့ ပြေးဝင်သွားပြီးနောက် သူတို့၏ အိပ်ရာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ညစ်တီးညစ်ပတ်လူအား ဆွဲထုတ်လာသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now