Chapter 21

3.8K 383 0
                                    

Paid GP စနေပြီမို့ ငွေလွဲထားသူများ link လာယူလို့ ရပါပြီရှင့်

Chapter 21 : သွေးသားတော်စပ်မှု မရှိသူများ

ချောင်ဟုန်ယဲ့သည် ဂနာမငြိမ်ဖြစ်နေသော်လည်း သူမသည် သူမ ကံကောင်းမည် ယုံကြည်နေဆဲပင်။

သူမသည် ထိုလမ်းသရဲခေါင်းဆောင်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာပြီဖြစ်သည်။ သူတို့၏ခင်မင်မှုသည် အမြဲတမ်းကောင်းမွန်ခဲ့ပြီး ယခင်ကလည်း သူသည် သူမအား အကူအညီများစွာပေးခဲ့၏။ သူတို့က သူမအား သစ္စာဖောက်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။

ထိုသို့တွေးလိုက်၍ စိတ်သက်သာရာရသွားပြီး ချောင်ဟုန်ယဲ့က သက်ပြင်း ခပ်ဖွဖွချလိုက်သည်။

ကျင်းယွင်ကျောင်းက ရုံးခန်းထဲသို့ဝင်လိုက်ပြီး အထဲရှိ လူများနှင့် မျက်နှာချင်းဆိုင်လိုက်၏။

"ဆရာတို့၊ ကျွန်မကြောင့် ဆရာတို့ အစွပ်အစွဲခံရတဲ့အတွက် ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမယ့် ယွင်ကျောင်း ဆရာတို့အားလုံးနဲ့ ကျောင်းဆီကနေ အကူအညီတစ်ခု လိုချင်ပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးကို ကျွန်မ ထပ်ပြီး  သည်းမခံနိုင်တော့ပါဘူး။"

"ကျင်းယွင်ကျောင်း၊ နင်က ဘယ်လိုအကြမ်းဖက်မှုကိုများ ကြုံခဲ့ရလို့လဲ ဟမ်.. နင့်ကို ငါမရိုက်ရင် နင်က နင့်နေရာနင် သိမှာ မဟုတ်တော့ဘူး။"

ချောင်ဝေ့မင်သည် ရမ်းကားနေကျဖြစ်၍ စကားပြောပြီးသည်နှင့် ချက်ချင်းပင် လက်ကို မြှောက်လိုက်လေ၏။ သို့သော် သူ၏လက်သည် ကျင်းယွင်ကျောင်း၏မျက်နှာကို မရိုက်မိဘဲ သူမက ထိုလက်အား ဖမ်းဆွဲထားလိုက်သည်။

ဤတစ်ပတ်အတွင်း၌ ကျင်းယွင်ကျောင်းသည် နေ့တိုင်းနီးပါး နေရာလွတ်နယ်မြေထဲသို့ ဝင်ချိန်ရရန် ကြိုးစားခဲ့သည်။ ထိုနေရာလွတ်နယ်မြေထဲတွင်လည်း သူမသည် အချိန်အများစုအား ကျောက်စိမ်းအပိုင်းရှိ ဆေးပညာရပ်များကို စုပ်ယူခြင်း၊ မဟုတ်ပါက ကိုယ်ခံပညာလေ့ကျင့်ခြင်းတို့နှင့်သာ ကုန်ဆုံးစေခဲ့၏။ သူမသည် အနည်းငယ်သာ လေ့ကျင့်ရသေးသဖြင့် သိသိသာသာ မတိုးတက်လာသေးပေ။ သို့သော် သူမ၏လက်အားသည် ယခင်ကထက် အများကြီးပို၍ သန်မာလာခဲ့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now