Chapter 84

2.2K 217 0
                                    

Chapter 84 : ငါ့ကို မထိနဲ့

ကျန်ရှ၏ နှလုံးသားက ကျယ်လောင်စွာ မြည်ဟီးသွား၏။ ချောင်ဟုန်ယဲ့အား ကြည့်နေကျ သူ၏ မျက်လုံးများက တွေဝေသွား၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွား၏။

ကျင်းယွင်ကျောင်းက သူမကို ရိုက်သွားသည်တဲ့လား။ သူတို့က ညီအစ်မတွေ မဟုတ်ဘူးလား။

ကျန်ရှသည် ကျင်းယွင်ကျောင်းက အမှန်တကယ်ပင် အသိဥာဏ်မရှိ၍ သူမ၏ ညီမဖြစ်သူ ချောင်ဟုန်ယဲ့အပေါ်တွင် ဆိုးဆိုးဝါးဝါး ဆက်ဆံသည်ဟု မှတ်ယူလျှင်တောင်မှ သူသည် ကျင်းယွင်ကျောင်းက ချောင်မိသားစုအပေါ်  အကြွေးတင်နေသည်ဟု ယုံကြည်နေဆဲပင်။ ချောင်ဟုန်ယဲ့နှင့် မရင်းနှီးသော်လည်း ကျင်းယွင်ကျောင်းသည် များသောအားဖြင့် သူမ၏ ညီမဖြစ်သူနှင့် စကားများရန်ဖြစ်ခြင်းမရှိသေးပေ။ သို့သော် တကယ်တမ်း ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ကျန်ရှသည် မသက်မသာ ခံစားလိုက်ရသည်။ သူသည် ကျင်းယွင်ကျောင်းထံမှ အရိုက်ခံရပြီးကတည်းက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့စွာဖြင့် ရှောင်ရှားလေ့ရှိ၏။ သူက သူမအား သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် မည်သို့ ချဥ်းကပ်ရဲပါမည်နည်း။

သို့သော် သူ၏ရှေ့တွင် အလွန်သနားစဖွယ်ကောင်းစွာ ငိုကြွေးနေသော ချောင်ဟုန်ယဲ့အား ကြည့်ရင်း သူ၏ နှလုံးသားက တင်းကြပ်လာသည်။ အကယ်၍ သူသည် ကျင်းယွင်ကျောင်းအား မချဥ်းကပ်ဘဲ ကိစ္စများကို အစီအစဥ်မချရဲပါက ချောင်ဟုန်ယဲ့က သူ့အား အလွန်စိတ်ပျက်သွားလိမ့်မည် မဟုတ်လား။

ကျန်ရှသည် သူတစ်ကိုယ်တည်း အပြန်အလှန် အချေအတင်ဖြစ်နေသော်လည်း ချောင်ဟုန်ယဲ့က ထိုယောက်ျားလေးအား အထင်သေးနေပြီး အတော်လေး စိတ်ပျက်နေ၏။

သူမသည် မျက်ကန်းမဟုတ်ပေ။ ဤလူသည် ယခင်က သူမအား ခင်မင်လိုသော သူ၏ ရည်ရွယ်ချက်များကို အကြိမ်များစွာ ထုတ်ဖော်ပြသခဲ့သည်။ သူ့တွင် သူငယ်ချင်းဖြစ်ချင်ရုံက လွဲ၍ အခြားနည်းလမ်းမရှိပေ။ သူသည် သူမအား ကြိုက်နေသည်မှာ အသေအချာပင်။ ကျန်ရှကဲ့သို့သော မိန်းကလေးများစွာ၏ အချစ်ကို ခံရသူက သူမအား များစွာအလေးပေး ဂရုစိုက်လာအောင် လုပ်နိုင်သဖြင့် သူမ ဂုဏ်ယူနေမိသည်မှာ သဘာဝပင်။ သို့ရာတွင် ယခုအချိန်၌ သူမသည် သူမ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုအား ယုံကြည်မှုရှိနေသော်လည်း ကျန်ရှကို အလွန်အမင်း စိတ်ပျက်နေဆဲပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now