Chapter 91

2.2K 206 0
                                    

Chapter 91 : လိမ်ညာပြောဆိုခြင်းမှ ဆန့်ကျင်ကာကွယ်ခြင်း

အတိတ်ဘဝမှ လူသတ်ခဲ့သော မြင်ကွင်းသည် ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ နှလုံးသားထဲ၌ မုန်းတီးမှုများ မြင့်တက်လာသောကြောင့် သူမ၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွား၏။

သို့ရာတွင် ဤမုန်းတီးမှုရုတ်တရက်မြင့်တက်လာခြင်းသည် ကြာကြာမခံလိုက်ပေ။ သူမ၏ လက်ထဲရှိ ကြွေခရားမှ လေအေးတစ်ချက်ကို ထုတ်လွှတ်လိုက်ပြီး သူမအား တဖြည်းဖြည်း စိတ်တည်ငြိမ်လာစေရန် ကူညီပေးသည်။ ဤသည်မှာ သူမ၏ အတိတ်ဘဝ မဟုတ်ရာ သူမသည် ကိစ္စများကို သူတို့လုပ်ခဲ့သည့်အတိုင်း အဆုံးသတ်ခွင့်မပြုနိုင်ပေ။

"နင် ငါ့ကို ဘ...ဘာကြောင့် ဒီလိုမျိုး ပြောရဲနေရတာလဲ"

ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းထံမှ ဤကဲ့သို့သော သဘောထားမျိုးကို ပထမဆုံးအကြိမ်အနေနှင့် မြင်လိုက်ရသည်။  သူမ၏ မျက်လုံးများက တစ်စုံတစ်ယောက်အား အစိမ်းလိုက်ဝါးစားတော့မည့်အလား ကြည့်နေရာ သူ့အား အချိန်တိုလေးအတွင်းမှာပင် မမျှော်လင့်ဘဲ ကြောက်ရွံ့သွားစေခဲ့၏။

အကြောက်တရားလား။ ကျင်းယွင်ကျောင်းသည် ပုပ်အဲ့နေသော မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူမကိုယ်သူမ ဤကဲ့သို့ ပြသရဲသည်ဆိုလျှင်တောင်မှ သူမတွင် ထိုသို့လုပ်နိုင်မည့် စွမ်းရည်ရော ရှိပါရဲ့လား။

ကျင်းယွင်ကျောင်းက သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားလိုက်ပြီး ချောင်ဝေ့မင်အား စက်ဆုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူ့အား ကျော်၍ လျှောက်သွားပြီး ရပ်တန့်ရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ အသေအချာပင်။

ချောင်ဝေ့မင်သည် သူမအား ထပ်မံ၍ လမ်းပိတ်ချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ ပြတ်သားလှသော လက်တစ်ချက်အဝေ့မှာပင် သူ၏ ခြေလှမ်းများသည် ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။ ချောင်ဝေ့မင်သည် ယိုင်သွားပြီး မြေပေါ်သို့ လဲကျသွား၏။ သူသည် သူမ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်အား စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now