Chapter 189

1.2K 122 1
                                    

Chapter 189 : ကလိမ်ကကျစ်ကောင်တွေမှာ အခွင့်အရေးတောင် ရှိလို့လား

ကျင်းယွင်ကျောင်းက လှောင်ပြောင်ရယ်မောလိုက်ပြီး ချင်ဇစ်ရွှယ်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ဂရုတစိုက်လှမ်း၍ လျှောက်သွားလိုက်သည်။

သူမ ကိုယ်လုံးကိုယ်ပေါက်မှာ ပျော့ပြောင်းသော်လည်း သူမ၏ ခြေလှမ်းတိုင်းက မမြင်နိုင်သော ဖိအားတစ်ခုကို ပေးစွမ်းနေ၏။ သူမ၏ မျက်လုံးအစုံမှာ သံမဏိကဲ့သို့ ခိုင်မာနေ၍ အသံတိတ် လေးနက်မှုတစ်ခုကို ပေးစွမ်းနေပြီး အကြည့်တစ်ချက်နှင့်ပင် လူသတ်မှုကျူးလွန်နိုင်သည့်အလားပင်။ ၎င်းက လူများ၏ နှလုံးသား ဗဟိုချက်အား တိုက်ရိုက်တိုက်ခိုက်နိုင်၍ လူများအား ထိတ်ထိတ်ပျာပျာ ဖြစ်စေပြီး သူတို့အရေပြားများပေါ်၌ ကြက်သီးမွေးညှင်းများ ထလာစေသည်။

"ကလစ်ကကျစ်ကောင်တွေမှာ အချစ်အကြောင်းကို ပြောဖို့ အခွင့်အရေးတောင် ရှိရဲ့လား"

ကျင်းယွင်ကျောင်းက စိမ်းစိမ်ကားကား မေးလိုက်၏။

"ချင်ဇစ်ရွှယ်၊ ရှင်က အသက်နှစ်ဆယ့်သုံးနှစ်မှာ ရှန်းကျင်ကို လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ရှင်တို့လက်ထပ်ပြီးတဲ့နောက် နှစ်နှစ်အတွင်းမှာ ရှင်က ရှင့်ရဲ့အလုပ်အကိုင်ကို ကျေနပ်မှုမရှိခဲ့ဘူး။ ရှန်းကျင်က သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံပြီး အလုပ်အမှုဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့အဖေ သေခါနီး အိပ်ယာပေါ်လဲနေတုန်းက ရှင်က သွေးနားထင်ရောက်ပြီး ကျေနပ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ရှန်းကျင်က ရှင့်ကို ကုမ္ပဏီထဲ ဆွဲခေါ်လာပြီးတော့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းအုပ်ချုပ်ခွင့်ပေးခဲ့တယ်"

"ဒါပေမယ့် ရှင်ကတော့ မကျေနပ်သေးဘူး။ ရှင်နဲ့ရှင့်အမေက ရှန်းကျင် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ သူ့ကို ဆန့်ကျင်ဖို့ အကွက်ချကြံစည်ခဲ့ကြပြီး စာရွက်စာတမ်းတွေ အားလုံးကို သူ လက်မှတ်ထိုးပေးအောင် လုပ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရှင်က ကုမ္ပဏီရဲ့ဘဏ္ဍာတွေကို လက်တွေ့မှာ ကုမ္ပဏီက အခွံလွတ်တစ်ခုဖြစ်သွားတဲ့အထိ ရွေ့ပြောင်းပစ်ခဲ့တယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now