Chapter 63

2.6K 268 2
                                    

Chapter 63 : မက်မွန်ပွင့်ချပ်များက လက်ယပ်ခေါ်ခြင်း

ထိုအမျိုးသား၏ ပုံပန်းသွင်ပြင်မှာ အရပ်ရှည်၍ ခပ်ဖြောင့်ဖြောင့်ဖြစ်ကာ အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးဝန်းကျင်ဖြစ်၏။ သူသည် အဖြူရောင်တီရှပ်တစ်ထည်ကို ကြယ်သီးအနည်းငယ် ဖြုတ်၍ ဝတ်ဆင်ထားရာ ငွေရောင်စိန်လည်ဆွဲတစ်ကုံးက ထင်းနေသည်။ သူသည် သိပ်ဟန်များပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလျင်စလိုဖြစ်နေသဖြင့် သူ၏ လက်ထဲတွင် ကိုင်ထားသော နက်ပြာရောင်ကုတ်အင်္ကျီကို ဝတ်ရန်ပင် အခွင့်အရေးမရှာပေ။

မည်သို့ပင်ဖြစ်စေကာမူ ရာသီဥတု အေးနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ကွေးနေပြီး မျက်ခုံးတန်းများကို ခပ်ပြေပြေ စုကျုံ့ထား၏။

ထို့ပြင် ကျင်းယွင်ကျောင်း သတိပြုမိသည်မှာ သူ၏ အသွင်အပြင် ဖြစ်သည်။ သူသည် အလွန်ခံ့ညား၏။ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများသည် အရယ်အပြုံးမရှိလျှင်တောင်မှ အနည်းငယ် တွန့်ကွေးနေကြသည်။ နှုတ်ခမ်းပါးပါးလေးများလည်း ရှိ၏။ သူ၏ အသားအရေမှာ ဖြူသည်။ သူ၏ အစိတ်အပိုင်းများအားလုံးသည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ယှဥ်တွဲတည်ရှိနေ၏။

သို့ရာတွင် သူသည် လူချမ်းသာ သားသမီးပုံစံ အနည်းငယ် ပေါက်၍ သူ၏ ရုပ်ရည်သွင်ပြင်မှာ ဆန့်ကျင်ဘက်လိင်အား အလွယ်တကူ စွမ်းဆောင်နိုင်သည်။

ကျင်းယွင်ကျောင်းက အမျိုးသားများသည် ရိုးရိုးရှင်းရှင်းသာ ဖြစ်သင့်သည်ဟု တွေးခဲ့၏။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ထက် ပိုကြည့်ကောင်းနေပါက သူတို့အား သာမန်လူတစ်ယောက်က ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

သူမသည် သူ့ထံသို့ စက္ကန့်အနည်းငယ်ကြာ စိုက်ငေးကြည့်နေပြီး ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။

"ကိုယ်က ရုပ်ဆိုးလို့လား"

ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများကို သူက အာရုံစိုက်မိသွား၏။ သူ၏ မည်းနက်နေသော မျက်ဝန်းများက သူမအား ထပ်တူထပ်မျှ အကဲခတ်နေသကဲ့သို့ စိုက်ကြည့်လာသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now