Chapter 8

3.9K 376 1
                                    

Chapter 8 : အတိုင်းအတာ ပမာဏနည်းနည်းလေးပဲ

ကျင်းယွင်ကျောင်း နေရာလွတ်နယ်မြေထဲမှ ထွက်လာလိုက်ပြီး အခန်းထဲမှ ပြေးထွက်မသွားမီ မျက်နှာပေါ်၌  အမောတကောဖြစ်နေသည့်ပုံဖမ်းလိုက်ကာ ရေချိုးခန်းတံခါးကို ထုလိုက်သည်။

"ဟုန်ယဲ့၊ မြန်မြန်လုပ်ပါ....ငါ ထပ်ပြီးမထိန်းထားနိုင်တော့ဘူး..."

ကျင်းယွင်ကျောင်းက ရည်ရွယ်ချက်ရှိရှိ အော်ပြောလိုက်၏။

အထဲရှိ ချောင်ဟုန်ယဲ့လည်း သူမ၏စကားကိုကြားသောအခါ ရေချိုးခန်းအတွင်း၌ ဆက်နေလိုက်ပြီး

"မမ..ကျွန်မ ဒီနေ့ အစားမှားသွားတာ ထင်တယ်။ ဗိုက်က အရမ်းနာနေတာ။ မမရဲ့ကိစ္စကို ရှင်းဖို့ တစ်နေရာရာကိုပဲ သွားလိုက်သင့်တယ်နော်.."

တခြားနေရာ တဲ့လား။ ချောင်မိသားစုသည် ချမ်းသာကြွယ်ဝသောမိသားစုမဟုတ်ရာ တစ်အိမ်လုံးတွင် ရေချိုးခန်းတစ်ခန်းတည်းသာ ရှိ၏။ ချောင်ဟုန်ယဲ့သည် ဝမ်းနှုတ်ဆေးကို သူမကိုယ်တိုင် ခတ်ခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုဘယ်လောက်ရှိကြောင်းကိုမူ သိနိုင်ပါမည်လား။ အကယ်၍ ကျင်းယွင်ကျောင်းသာ အတိတ်ဘဝက ဗိုက်ပြင်းပြင်းထန်ထန်နာပြီး လှေကားပေါ်ကနေ ဆင််းသွားရမည်ဆိုလျှင် ဝေးဝေးမရောက်ခင်မှာပင် သူမ၏အဝတ်အစားများ ညစ်ပတ်ပေကျံသွားလိမ့်မည်။

ယခုအချိန်တွင်တော့ ကျင်းယွင်ကျောင်း၏ဝမ်းဗိုက်က သက်သာနေပြီဖြစ်၏၊ သို့သော်လည်း ဤကဲ့သို့သောသူမျိုးအား ဒေါသထွက်ရအောင်အထိ သူမ မတုံးအသေးပေ။ သူမက တံခါးအပြင်ဘက်၌ ရပ်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း ငါ နင့်ကို စောင့်နေမယ်။"

သူမ ထိုသို့ပြောလိုက်လျှင် ချောင်ဟုန်ယဲ့က အပြင်ထွက်မလာတော့ဘဲ ရေချိုးခန်းထဲတွင်သာ ဆက်နေနေမည်မှန်း သူမ အတိအကျသိ၏။

မျှော်လင့်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်း သူမ၏အခန်းသို့ပြန်သွားပြီးသည့်အချိန်ထိတိုင်အောင် ချောင်ဟုန်ယဲ့က ရေချိုးခန်းထဲမှ ထွက်လာမည့် လက္ခဏာမရှိပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now