Chapter 150

1.2K 105 0
                                    

Chapter 150: ငယ်ချစ်များ

ကံဆိုးစွာဖြင့် ဟယ့်ကျားစစ်၏ မိဘများက သူမအတွက် ရည်မှန်းချက် မြင့်မြင့်မားမားထားခဲ့ကြသည်။ သူတို့ ပထမဆုံးအကြိမ် ထန်မိသားစု၏ ခြံတံခါးဝသို့ ဝင်လာကတည်းက သူမသည် သူမလုပ်ရမည်အား သိထားပြီးဖြစ်၏။ အစကတည်းကပင် သူမရည်ရွယ်ထားသော အရာမှာ ထန်ကျစ်ဟွား၏ အနာဂတ် ဇနီးသည်နေရာပင်။

မည်သို့ပင်ဆိုစေကာမူ အဖိုးကလည်း သူမအား နှစ်သက်သည်။ သူမသာ အသက်မငယ်တော့ပါက သူတို့ကိုယ်တိုင်ပင် သူ့ကို သူမနှင့် ရည်ရွယ်ထားပြီးဖြစ်လိမ့်မည်ဟုပင် သူမ ယုံကြည်ခဲ့၏။

ထို့အပြင် သူမသည် တကယ်လည်း ထန်ကျစ်ဟွားအား ချစ်ခင်လေးစားသည်။ သူသည် ရုပ်ချော၍ သိမ်မွေ့သော အကျင့်စရိုက်လည်း ရှိ၏။ သူတို့သည် နင်းမြို့တော်တွင် ရှိနေစဥ်ကအခါက  သူမ၌ ဤကဲ့သို့ ထူးချွန်ထက်မြက်သော ငယ်ချစ်တစ်ယောက်ရှိခြင်းကြောင့် ကျောင်းသားများစွာက မနာလိုအားကျဖြစ်ခဲ့ကြသည်။ ထန်ကျစ်ဟွားသည် သူမအား ချစ်ခင်မြတ်နိုးခြင်းမပါဘဲ ယဥ်ယဥ်ကျေးကျေး ဆက်ဆံခြင်းသာ ဖြစ်ကြောင်း သူမ နက်နက်ရှိုင်းရှိုင်းပင် သ်ိရှိနေလျှင်တောင်မှ သူမသည် သူမ၏ အသွေးအသားထဲမှ မာနကို မထိန်းသိမ်းနိုင်ပေ။

ထို့ကြောင့်လည်း သူမသည် အရာအားလုံးကို အနောက်မှာ စွန့်ပစ်ထားခဲ့နိုင်၍ ဟွားနင်ခရိုင်သို့ လာခဲ့ခြင်းဖြစ်၏။ သို့သော် ထန်ကျစ်ဟွားက ကျင်းယွင်ကျောင်း၏ အကျိုးကြောင့် သူမအား ဆူပူလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူမက တောက အရိုင်းအစိုင်းမ တစ်ယောက်ပဲ မဟုတ်ဖူးလား။ အဲဒီအပြင် သူမက သူတို့နဲ့သိတာ ရက်နည်းနည်းပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူတို့ရဲ့ ဆယ်နှစ်ကျော် ခံစားချက်တွေနဲ့ နှိုင်းယှဥ်နိုင်တယ်လား။

ဟယ့်ကျားစစ်သည် အလွန်အမင်း မကျေမနပ် ခံစားနေရပြီး ဒေါသထွက်နေသည်။ သို့သော် သူမသည် ထန်ကျစ်ဟွား၏ စကားလုံးများအတွင်း၌ ပုန်းကွယ်နေသော အဓိပ္ပါယ်ကိုလည်း သိ၏။ သူမသည် ဟယ့်မိသားစု၏ အကြောင်းကို ဘယ်တော့မှ ဟာသမလုပ်ရဲပေ။ သူမ၏ မျက်နှာပေါ်ရှိ တင်းမာနေသော အမူအယာက အေးခဲသွားပြီး နောက်ထပ်စက္ကန့်ပိုင်းအတွင်း၌ သူမ၏ ဒေါသများကို ထိန်းသိမ်းထားလိုက်၍ ပျံ့တံ့တံ့ နံ့တံ့တံ့ စတင်ပြုမူလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now