Chapter 81

2.3K 227 0
                                    

Chapter 81 : ကပ်ဘေးဒုက္ခသယ်ဆောင်သူ

ကျင်းယွင်ကျောင်း၏ အိမ်စာမှာ သပ်သပ်ရပ်ရပ် ရေးသားထားသောကြောင့် ၎င်းမှာ ပုံနှိပ်ထားသည်နှင့်ပင် တူနေသေး၏။ အစမှ အဆုံးထိလည်း အမှားတစ်လုံးမှ မရှိပေ။

ကန်ကျင်းချန်သည် ဆွံ့အသွား၏။ သူ၏ အဆင့်များမှာ တစ်ကျောင်းလုံးတွင် အတော်လေးမြင့်သော်လည်း ကျင်းယွင်ကျောင်း၏ အိမ်စာထဲမှ မေးခွန်းများကို နားမလည်ပေ။

အခြားတစ်ဖက်တွင်တော့ သူတို့သည် ကျောင်းဝင်ပေါက်ကိုပင် မရောက်သေးသော်လည်း ကျင်းယွင်ကျောင်းက သူ၏ အိမ်စာထဲမှ အမှားသုံးခုကို ရှာတွေ့ပြီးဖြစ်သည်။ သူသည် ရှက်စိတ်မွှန်ထူသွားခဲ့ပြီး သူ့ကိုယ်သူ ပြန်ရှင်းပြရန်ပင် ကြိုးစားနေခဲ့၏။  သူ၏ မျက်နှာနှင့် နားရွက်များသည် လောင်ကျွမ်းတော့မတတ် နီရဲတောက်လာ၏။

သူသည် ကျင်းယွင်ကျောင်း၏ တစ်ကျောင်းလုံး နံပါတ်တစ်ဆိုသော အဆင့်မှာ မထိုက်တန်သောအဆင့်ဟူ၍ အမြဲတမ်း ယုံကြည်ခဲ့သည်။ အထက်တန်း ပထမနှစ်၏ ပထမနှစ်ဝက် ဖြေဆိုအောင်မြင်ခဲ့စဥ်က သူတို့သည် အခြေခံများကိုသာ  ဖြေဆိုယှဥ်ပြိုင်ခဲ့ရခြင်း ဖြစ်၏။ ယခင်က ဆရာဆရာမများက ကျင်းယွင်ကျောင်းအား သီးသန့်ချီးကျူးသောအခါများတွင် သူသည် အနည်းငယ် အထင်သေးသလို ခံစားခဲ့ရသည်။ သို့သော် မနေ့ညမှ ဒီနေ့မနက်အထိတိုင်အောင် သူမ၏ ရမှတ်များသည် မည်သူကိုမှ၊ မည်သည့်အရာကိုမှ ငြင်းဆိုခွင့်မပေးခဲ့ချေ။

(T/N : အမှတ်တွေက ယွင်ကျောင်း တကယ်တော်တယ်ဆိုတာကို မငြင်းနိုင်တော့လောက်အောင် ကောင်းလွန်းလို့ပါ။)

ကန်ကျင်းချန် စိတ်ဒုက္ခရောက်နေသည်ကို ခံစားမိသဖြင့် ကျင်းယွင်ကျောင်းသည် ကျေနပ်စွာပြုံးလိုက်၏။ သို့ရာတွင် သူမသည် ထုတ်ဖော်ပြသရန် စိတ်ကူးမရှိချေ။

သူမသည် သင်ခန်းစာများကို လေ့လာသည့်နေရာတွင် ဘယ်တုန်းကမှ ဥာဏ်ကြီးရှင်တစ်ယောက် မဟုတ်ခဲ့။ အတိတ်ဘဝ၌ သူမသည် သူမ၏ မိဘများထံမှ အသိအမှတ်ပြုခံရရန် ကြိုးစားခဲ့ပြီး နေ့စဥ် နေ့တိုင်း ညဘက် နောက်ကျသည်အထိ စာလေ့လာခဲ့သည်။ သူမ အိပ်လေ့ရှိသော နာရီအရေအတွက်ကို အလွယ်တကူပင် လက်ချိုးရေတွက်၍ရ၏။ ထို့အပြင် သူမ၏ အတန်းဖော် မည်သူတစ်ဦးတစ်ယောက်ကမှ သူမနှင့် အပေါင်းအသင်းမလုပ်သောကြောင့် သူမတွင် စာလေ့လာရန်အတွက် အားလပ်ချိန်များစွာရှိခဲ့သည်။ ထိုအခြေအနေများအောက်တွင် မျှော်လင့်ထားကဲ့သို့ပင် အဆင့်တစ်ရရှိခြင်း ဖြစ်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းحيث تعيش القصص. اكتشف الآن