Chapter 177

1K 105 0
                                    

Chapter 177 : တန်ပြန်ထိုးစစ်ဆင်ခြင်း၊ ပထမတစ်ဖြတ်

အဖိုးထန်သည် ချက်ချင်းပင် လူတစ်ယောက်ကို ကိစ္စများအား ထပ်မံ၍ စုံစမ်းရန်အတွက် လွှတ်လိုက်၏။ ထိုအချိန်တွင် ရှန်းကျင်က အကြီးအကဲ၏ ကတိစကားကို ရရှိပြီးသည့်နောက် အများကြီး ပို၍ စိတ်သက်သာရာ ရသွားသည်။ နှစ်ပေါင်းများစွာကြာအောင် သူမ၏ စိတ်ထဲ၌ နေရာယူနေခဲ့သော သူမ၏ ပြဿနာများမှ ဖိအားများကိုပင် သူမ ခံစားနိုင်၏။

"ကျေးဇူးတင်ပါတယ်၊ မိန်းကလေး။ စိတ်ချသာနေပါ။ အနာဂတ်မှာ ငါသေချာပေါက် လုပ်ပေးပါ့မယ်"

"အပေါစားအပျက်မ၊ နင် အပြင်မှာ ဘာတွေ ယောင်ခြောက်ဆယ် လုပ်နေတာလဲ။ နင်က လူတစ်ယောက်ကိုတောင် နေအောင် မလုပ်နိုင်ဘူး။ ဘယ်လောက်တောင်မှ အသုံးမကျလိုက်သလဲ။ ငါ ဗိုက်ဆာနေပြီ၊ မြန်မြန်ပြန်လာပြီး တစ်ခုခု လုပ်ပေး"

ရှန်းကျင်း စကားပြော၍ မပြီးသေးခင်မှာပင် အဖွားအို၏ ဆဲရေးကြိမ်းမောင်းသံက တံခါး၏ အခြားတစ်ဖက်မှ ထွက်ပေါ်၏။

ရှန်းကျင်က လက်သီးဆုပ်လိုက်၍ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ လောင်မြိုက်နေသည်ကို ကြည့်ရင်း ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းများက စုကြုံ့သွားသည်။

"ကျွန်မ အရင်သွားတော့မယ်။ ဦးလေးကန် ရှင်...."

ရှန်းကျင်၏ နဖူးကြောများက ပြေလျော့သွားပြီး နောက်ဆုံး၌ သူမ၏ သပ်ရပ်မှု အရိပ်အယောင်အချို့က ပေါ်ထွက်နေ၏။

"မင်းအတွက် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် လူတစ်ယောက် ရှိလာတဲ့အချိန်ကျရင် ငါလည်း ဒီလူနာကို ဆက်ပြီးတော့ မကုတော့ဘူး"

ကန်စုန့်ပိုင်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤအဖွားကြီး၏ အနှောက်အယှက်ကို ခံခဲ့ရ၍ မည်သည့်ငြိမ်းချမ်းမှုမှ မရရှိနိုင်ခဲ့ပေ။ မူလက သူသည် ကျင်းယွင်ကျောင်းအား  ဤနေရာသို့ ခေါ်လာခဲ့ခြင်းကြောင့် သူမ တစ်ခုခုကို သင်ယူနိုင်လိမ့်မည်ဟု ထင်သော်လည်း ဤအဖွားကြီးက ယခင်ကထက်ပင် ပို၍ကြမ်းတမ်းလာလိမ့်မည်ဟု မည်သူက သိမည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now