Chapter 62

2.8K 277 1
                                    

Chapter 62 : အရေးပေါ်ကုသမှု

ယန်ထျန်းထျန်း၏ မျက်လုံးဒဏ်ရာက မသေးပေ။ အကယ်၍ ချက်ချင်း ကုသမှုမခံယူပါက သူမသည် နောက်ဆက်တွဲဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မည်။

ထို့အပြင်လည်း သူမ၏ မျက်လုံးမှ ဒဏ်ရာအပြင် နှဖူးပေါ်မှ ဒဏ်ရာကလည်း မသေးလှ။ အရေးပေါ်ကား ရောက်လာလျှင်တောင်မှ သူတို့သည် သူမ၏ နဖူးမှ သွေးထွက်နေသည်ကိုသာ အရင်ဆုံး ကုသကြမည်ဖြစ်၍ မျက်လုံးကို မဟုတ်ပေ။

"လူနာတင်ယာဥ် ခေါ်ပြီးပြီလား"

ရှောင်ဟိုင်ချင်းက စိုးရိမ်နေသော အမူအယာဖြင့် ရုတ်တရက် မေးလိုက်သည်။

"ဟိုင်ချင်း၊ ညာဘက်ဘေးကပ်ရက်မှာ ဆေးဆိုင်တစ်ဆိုင် ရှိတယ်။ ဟောလိုဆိုက်ရွှံ့စေးမှုန့်နဲ့ တုန်းကွိုက်နည်းနည်း အမြန်သွားဝယ်ချေ။ မြန်မြန်လေး"

ကျင်းယွင်ကျောင်းက ခပ်သွက်သွက် ညွှန်ကြားလိုက်ပြီးနောက် ပျာယာခတ်နေသည့် စားပွဲထိုးအား လှည့်ကြည့်လိုက်၏။

"ရှင် ကျွန်မကို လတ်လတ်ဆတ်ဆတ် ဝက်သားအစိမ်း နည်းနည်း သွားယူပေးနိုင်မလား။ ကျွန်မ အဲဒါကို အမြန်ဆုံး လိုအပ်တယ်"

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ လုပ်ရပ်များကို နားမလည်သော်လည်း သူမပြောသည့်အတိုင်းသာ လုပ်ပေးနေဆဲပင်။ ရှန်းဟိုင်စားသောက်ဆိုင်ဘေးတွင် အမှန်ပင် ဆေးဆိုင်တစ်ဆိုင် ရှိ၏။ သူမသည် ထိုသို့ဦးတည်၍ ပြေးသွားသည်။

(T/N : ထျန်းရှန်းလော်ကို ရှန်းဟိုင်စားသောက်ဆိုင်၊ ရှန်းဟိုင်အဆောက်အဦးလို့လည်း ခေါ်ပါတယ်။ သူက စားသောက်ဆိုင်တစ်မျိုးတည်းမဟုတ်ဘဲ အပေါ်မှာ ဟိုတယ်ခန်းတွေဘာတွေရော ပါပါတယ်။)

သို့သော် စားပွဲထိုးသည် တွန့်ဆုတ်နေ၏။

"လူနာတင်ယာဥ်က မကြာခင် လာတော့မယ်"

ဤကျောင်းသူသည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားသည်။ ထို့ကြောင့် အလိုအလျောက် သူမတွင် တာဝန်ယူရမည့်ကိစ္စအချို့ရှိ၏။ ဒီသူစိမ်းမိန်းကလေးက လုပ်လိုက်လို့ ဒဏ်ရာက ပိုဆိုးသွားရင်ရော။ သူမ မစွန့်စားနိုင်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now