Chapter 22

3.7K 374 1
                                    

Chapter 22 : ရှက်စရာကိစ္စ

ချောင်ဝေ့မင်အား ကြည့်နေသော ဆရာဆရာမများ၏မျက်လုံးများသည် ဖော်ရွေမှုမရှိတော့ပေ။ 

ဆရာမကျင်ကမူ ထုတ်၍ပင် ပြောလာ၏။

"ချောင်လူကြီးမင်း၊ ကျင်းယွင်ကျောင်းနဲ့ပတ်သတ်ပြီး ကျွန်မတို့ ရှင်နဲ့ဆွေးနွေးချင်တယ်။"

"ဘာဆွေးနွေးစရာရှိလို့လဲ။ ကျုပ်က သူ့ကို ကျောင်းထုတ်ချင်တယ်။ ခင်ဗျားတို့ ဆရာဆရာမတွေက ဒါကို ဘယ်လိုတားနိုင်မှာ မို့လို့လဲ။"

"မှန်တာပေါ့။ ကျွန်မတို့ ရှင့်ကို တားလို့မရဘူး။ ဒါပေမယ့် ပထမဆုံး ရှင်က ကျင်းယွင်ကျောင်းရဲ့အုပ်ထိန်းသူဖြစ်ဖို့ အရည်အချင်းပြည့်မီကြောင်း သက်သေပြရမယ်။ ဒါ့အပြင် သူက သူရဲ့ထူးချွန်လွန်းတဲ့ အဆင့်တွေကြောင့် ကျောင်းတက်ဖို့ ရှင့်ရဲ့ပိုက်ဆံကို တပြားမှတောင် သုံးခဲ့ရပုံမပေါ်ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုပဲ မှီခိုပြီး ကျောင်းတက်နေတာဖြစ်လို့ ရှင့်မှာ သူ့ရဲ့အထူးအခွင့်အရေးကို ပိတ်ပင်နိုင်တဲ့ အခွင့်အရေးရော ရှိရဲ့လား။"

"ခင်ဗျား ရူးနေပြီလား။ ကျုပ်က သူ့ရဲ့ကျောင်းစရိတ်ကို မပေးရဘူးဆိုရင်တောင် သူ့ကို နှစ်ပေါင်းများစွာ ကျွေးမွေးလာခဲ့တာ။ သူ ဒီလို အပြင်မှာလျှောက်ပြီး အရူးထနေတာက ကျုပ်တို့ချောင်မိသားစုရဲ့ဂုဏ်သတင်းကို ထိခိုက်လာလိမ့်မယ်။"

ချောင်ဝေ့မင်က ရှူးရှူးရှားရှား ဒေါသထွက်နေသည်။ သူသည် ကျောင်းထုတ်သည့် လုပ်ငန်းစဥ်များကို လာလုပ်ခြင်းသာဖြစ်ပြီး ဤကဲ့သို့ အခက်ကြုံရလိမ့်မည်ဟု မထင်ခဲ့ပေ။

အကယ်၍ တခြားနေ့တွင်သာဆိုပါက ဆရာဆရာမများသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ သိပ်ဂရုစိုက်နေလိမ့်မည်မဟုတ်ဘဲ သူမ၏ကံမကောင်းအကြောင်းမလှမှုကို သက်ပြင်းချနေရုံသာပင်။ သို့သော် ယနေ့တွင်မူ ချောင်ဝေ့မင်က လွန်သွားပြီဖြစ်၏။

သူသည် ကျောင်းထဲသို့ ခြေချလိုက်ချိန်မှစ၍ ဆရာဆရာမများအား စတင်စော်ကားခဲ့၏။ ယခုအချိန်တွင် ဆရာဆရာများသည် ချောင်ဝေ့မင်အား ကျင့်ဝတ်တစ်ခုခုနှင့် ပါးစပ်ပိတ်ပစ်ချင်နေပြီဖြစ်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now