Chapter 57

2.8K 296 0
                                    

Chapter 57 : အတွင်းထိလှိုက်၍ ပုပ်သိုးနေခြင်း

ယဲ့ချင်း၏ အနီးနားရှိ စားပွဲများတွင် လူပြည့်နေ၍ စားပွဲလွတ်မကျန်တော့ပေ။ သူမသည် စကားဆုံးသည်နှင့် ရည်ရွယ်ချက်ရှိရှိပင် စားပွဲနှစ်လုံးပေါ်သို့ မျက်စိကစားလိုက်ရင်း နောင်တရဟန်ဖြင့် ဆက်ပြောလာပြန်သည်။

"အိုင်းယား....ဒီမှာ ထိုင်ခုံတွေလည်း မရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။ ငါ တစ်ယောက်ယောက်ကို ထိုင်ခုံနှစ်ခုံလောက် ထပ်ယူခိုင်းဖို့ ပြောပြီး နင်တို့ ဒီလူတွေရဲ့ နောက်မှာ ထိုင်လို့ရတယ်နော်။ နင်တို့ စားစရာတစ်ခုခု လှမ်းယူချင်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပေါ့"

"ငါတို့က နင့်ကို နင့်ကိုယ်နင် ဒုက္ခမပေးစေချင်ပါဘူး။ တကယ်လို့ ဒီမှာ ထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့ အခန်းဖော်တွေများရှိရင်လည်း သူတို့ကို ငါတို့နဲ့အတူလာထိုင်ရအောင် ဖိတ်ဖို့ ဝန်မလေးဘူးနော်"

ကျင်းယွင်ကျောင်းက ရှေ့တည့်တည့် လျှောက်သွားရင်း ယဲ့ချင်းကို တစ်ချက်ကြည့်၍ ကြောက်ရွံ့မှုလုံးဝမရှိသည့် ပုံစံဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် မူလကပင် အရပ်မြင့်၍ သန့်ရှင်းစင်ကြယ်၏။ ယနေ့ သူမသည် ဝတ်နေကျပုံစံဖြစ်သည့် ပုံတုံးတုံး ဂါဝန်ပုံစံအစား ဝတ်စုံအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူမ၏ ပုံပန်းသွင်ပြင်တစ်ခုလုံးသည် ကြည်လင်ကာ အစွန်းအထင်းမရှိသည့် အလှလေးသဖွယ်ဖြစ်နေပြီး သူမ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အရှိန်အဝါကိုပါ ပေါင်းထည့်လိုက်သောအခါ သူတို့သည် ချမ်းသာသော မိသားစုမှ မမလေးတစ်ယောက်ရောက်လာသည်ကို ကြည့်နေရသည့် အလားပင်။ သို့ရာတွင် သူမ၏စကားပြောပုံဆိုပုံက ယဲ့ချင်းအား ဖိအားအချို့ကို ခံစားသွားရစေ၏။

"ဒီမှာရှိတဲ့ ငါတို့အားလုံးက ရိုးသားပြီးတော့ ဖြောင့်မတ်တဲ့သူတွေပဲ၊ နင် ထပ်ပြီးတော့ အရမ်းကြီး ဟန်ဆောင်နေစရာမလိုပါဘူး။ နင်ပြောတော့ နင် စားပွဲတစ်လုံး ကြိုမှာထားတယ်ဆို။ ဒါဆို ဘယ်နေရာလဲဆိုတာ ငါတို့ကို ပြောပြလေ။ ပြီးတော့လည်း နင် စားပွဲတစ်လုံး မှာထားတယ်ဆိုရင်တောင် အဲဒါက ရှောင်ဟိုင်ချင်း ပိုက်ဆံရှင်းတာ မဟုတ်ပါဘူးလို့ နင့်မှာ သက်သေရှိလို့လား။ ရှောင်ဟိုင်ချင်းရဲ့မိသားစုက ပိုက်ဆံရှိတယ်ဆိုတာ လူတိုင်းသိကြတယ်၊ သူ့မှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစ သေချာပေါက် ရှိတယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now