Chapter 60

3K 306 1
                                    

Chapter 60 : ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း

ဤကိစ္စအားလုံးကို မည်သူက အစပြုခဲ့သည်ဆိုသည်အား မေ့နေသည့်ပုံဖြင့် ယဲ့ချင်း၏ မျက်လုံးများက နီရဲနေသည်။ အဖိုးတန်ဟင်းပွဲ၏ အကျန်များကိုကြည့်ရင်း သူမ၏ မနာလိုဝန်တိုစိတ်ကို မထိန်းနိုင်တော့ချေ။

ကျင်းယွင်ကျောင်းက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမကို ဒီလို အရှက်ခွဲဖို့ သင်းဆီမှာ ဘာအခွင့်အရေးရှိလို့လဲ။

"ယဲ့ချင်း၊ ဒီလိုမလုပ်နဲ့လေ။ ဟင်းပန်းကန်ကို အရင်ဆုံးပို့တာ ငါတို့ မဟုတ်လား"

သူမ၏ ဘေးရှိ မိန်းကလေးက ထပ်မကြည့်နိုင်တော့သဖြင့် ယဲ့ချင်းအား သတိပေးရန် စကားဆိုလိုက်သည်။

ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ သူမသည် များသောအားဖြင့် တည်ငြိမ် ငြင်သာစွာ စကားပြောလေ့ရှိပြီး သူမ၏ အကျင့်စရိုက်မှာလည်း အတော်လေး ကောင်းသည်။ သို့သော် သူမသည် မကြာသေးမီကပင် အတော်လေး ပြောင်းလဲသွားကြောင်း သိပြီးဖြစ်ကြ၏။ အထူးသဖြင့် ယခုအချိန်တွင် ဟင်းတစ်ပွဲကြောင့် သူမသည် လူများစွာ၏ ရှေ့၌အော်ဟစ်ရန်လိုနေသည်။ သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။ ဘယ်လောက်တောင် အရှက်ကွဲလိုက်သလဲ။

သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်မှာလည်း သဘာဝကျ၏။ ဤကဲ့သို့ ဇာချဲ့လှသည့် ယဲ့ချင်းနှင့်ဆိုလျှင် ဘယ်သူကများ ဂုဏ်သိက္ခာကို ထိန်းထားနိုင်မည်နည်း။

"ဒါဆို ငါက အရင်ဆုံး ဒါကို ဘာလို့ပို့ခဲ့တာလဲ။ အဲဒီပန်းကန်ထဲမှာ အများကြီးကျန်သေးတယ်လေ။ ဒါပေမယ့် သူကကျတော့ရော။ အကုန်လုံး စားပြီးသား ညစ်ပတ်နေတာကြီး။ နင်က သူ့ဘက်က ပြောပေးရင် ဘာလို့ နင် အဲဒါကို မစားလိုက်တာလဲ"

ယဲ့ချင်း၏ ဒေါသသည် အလွန်ကြီးလှသည်။ သူမသည် စားပွဲထိုး၏ လက်ထဲမှ ပန်းကန်ကို လုယူလိုက်ပြီး ထိုမိန်းကလေးဆီသို့ လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသံ ထွက်ပေါ်လာပြီး ထိုပန်းကန်ထဲမှ ဟင်းအနှစ်များသည် နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဘေးရှိကျောင်းသားများသည်လည်း ဟင်းအနှစ်အချို့ စင်ကုန်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now