Chapter 159

1.2K 99 0
                                    

Chapter 159 : ရက်ရက်စက်စက် ရိုက်နှက်ခြင်း

လက်ရှိတွင် ချောင်ဝေ့မင် လုပ်နိုင်သည်မှာ ပိုက်ဆံစုခြင်းပင်။

ဤနှစ်များအတွင်း သူသည် အလုပ်လုပ်စရာ မလိုဘဲ ပိုက်ဆံရသော ဘဝနေထိုင်မှု ပုံစံဖြင့် နေသားကျနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် အရက်သောက်ခြင်းမှ လွဲလျှင် ပင်ကိုအားဖြင့် ဘာကိုမှ မလုပ်နိုင်တော့ချေ။ သူသည် သူ၏ ကိုယ်ပိုင်လုပ်နိုင်စွမ်းကို သုံး၍ ပိုက်ဆံရှာရန်အတွက်မူ ပို၍ပင် မလုပ်နိုင်သေးချေ။ ယခုအခါတွင် သူသည် ဆက်လက်ရင်းနှီးမြုပ်နှံရန်အတွက်သာ ငွေများကို ပုံအောနိုင်သည်။ ထို့နောက် နောက်ပိုင်းတွင် သူ၏ ကံတရားကို ပြောင်းလဲနိုင်စွမ်းရှိလာလိမ့်မည်။

သူသည် ဤနှစ်အနည်းငယ်အတွင်း၌ ဘဏ်စုငွေအနည်းငယ် စုထားခဲ့သော်လည်း ၎င်းက လွန်ခဲ့သော နှစ်များက သူ့တွင်ရှိခဲ့သည်နှင့် မနှိုင်းယှဥ်နိုင်တော့ပေ။ ရှင်းရှင်းလင်းလင်းပင် ဤမျှလောက်သော ပိုက်ဆံလေးက လူအများ သတိပြုမိရန်အတွက်ပင် မလုံလောက်။ ဤအခြေအနေများအောက်တွင် သူသည် ကျင်းယွင်ကျောင်း၌ ဂျင်ဆင်းမြစ်ကြီးရှိသေးသည်ကို သတိရလိုက်၍ သူ၏သွေးများပင် ဆူပွက်လာသလို ခံစားလိုက်ရ၏။

ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်ကဲ့သို့ အရှက်မရှိသောသူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ မျက်နှာချိုသွေးနေသော အပြုံးနှင့် ဘေး၌ အရှက်မရှိရပ်နေသော သူ့ကို မြင်လိုက်ရခြင်းကြောင့် ကျင်းယွင်ကျောင်းသည် ရင်ထဲက မသက်မသာဖြစ်လာသည်ကိုသာ ခံစားလိုက်ရသည်။

"လူတစ်ယောက်မှာ မျက်နှာလိုတယ်၊ သစ်ပင်တစ်ပင်မှာ အခေါက်လိုတယ်။ ချောင်ဝေ့မင်၊ ဒီကျောက်စိမ်းကို ရှင် ဝယ်ပေးခဲ့တာလို့ ရဲရဲတင်းတင်း ပြောရဲတယ်လား။ ဒီဟာက ကျွန်မရဲ့မိဘအရင်းတွေက ကျွန်မအတွက် ချန်ထားပေးခဲ့တယ်ဆိုတာ ရှင်းနေတာပဲ။ ပြီးတော့ ဒီပေါ်မှာ ကျွန်မရဲ့မျိုးရိုးနာမည်ကိုလည်း ထိုးထားသေးတယ်။ ရှင် အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာတွေမှာလည်း အကန့်အသတ်ရှိသင့်တယ်"

ကျင်းယွင်ကျောင်း အေးစက်စက်ဖြင့် ဟမ့်ခနဲ့ တစ်ချက် အသံပြုကာ ဆက်ပြောလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now