Chapter 42

3.2K 321 1
                                    

Chapter 42 : သူမက ဒီမှာ ယောက်ျားတစ်ယောက်ကို ဖွက်ထားတာများလား

သူမသည် ဤအပေါက်ဆိုးလှသော မျိုးရိုးနာမည် 'ရှု' နှင့် အဖိုးအိုထံမှ ရင်းနှီးမှုကို ခံစားနေရသည်။ သူ၏ စကားလုံးများက အေးစက်နေသော်လည်း သူမသည် ထိုသို့ခံစားနေရဆဲပင်။ သူသည် လူဆိုးတစ်ယောက် မဟုတ်။ သူသည် သူမ အတိတ်ဘဝက တွေ့ဆုံခဲ့ရသည့် အပြင်ပန်းတွင် အပြုံးများပြည့်နေပြီး အတွင်းဘက်၌ အကောက်ကြံတတ်သည့် စိတ်ဓါတ်ရှိသူများနှင့် မတူပေ။

"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှု။ သေချာပေါက် ကျွန်မ သင်ယူဖို့ အချိန်မှန်လာပါ့မယ်"

ကျင်းယွင်ကျောင်းက အပြုံးခပ်ရေးရေးဖြင့် ပြန်ဖြေလိုက်သည်။

"ဒီလိုဆိုရင် မင်း ဒီနေ့ ဒီတစ်အုပ်လုံး ကောင်းကောင်းမှတ်မိသွားမှ ပြန်ရမယ်"

အကြီးအကဲရှုက သူမဆီသို့ စာအုပ်တစ်အုပ်ကို တာ့်တည့် ပစ်ပေးလိုက်ပြီး ကျင်းယွင်ကျောင်းအား ထိုအဖီထဲတွင် သော့ပိတ်ခဲ့၍ လှည့်ထွက်သွားသည်။

(T/N: ခြံအနောက်ဘက်တစ်ခုလုံးက အကာပါတဲ့ အဖီသဘောမျိုးပါ။)

အဖီထဲတွင် အလင်းရောင်လုံလောက်၏။ သူမသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ဆေးပင်များကြီးထွားခြင်းနှင့် ရိတ်သိမ်းခြင်းအကြောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။

စာအုပ်သည် မထူသော်လည်း အကယ်၍ သာမန်လူတစ်ယောက်အတွက် စာလုံးတစ်လုံးချင်း အလွတ်မှတ်မိဖို့ဆိုပါက အချိန်တစ်ရက်မှ နှစ်ရက်အထိ လိုပေလိမ့်မည်။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဝိညာဥ်စွမ်းအားပါသည့် ကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးကတည်းက သူမ၏ မှတ်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။ သူမသည် စာအုပ်ကို ကြည့်လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်လိုက်၏။ ရွေးခြယ်စရာမရှိသဖြင့် သူမသည် ထိုင်ချလိုက်သည်။ ဘေးတွင် တစ်ယောက်မှ မရှိရာ သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရန် အခွင့်အရေးရသွားပြီး စတင်ကျက်မှတ်တော့သည်။

နေရာလွတ်နယ်မြေထဲတွင် အချိန်ကုန်သည်က အများကြီး ပိုနှေး၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းTahanan ng mga kuwento. Tumuklas ngayon