Chapter 49

3K 315 0
                                    

Chapter 49 : အမှန်တရားထွက်ပေါ်လာခြင်း(၁)

ထိုသို့ပြောလိုက်သူမှာ လုကျား၏ ဝမ်းကွဲအစ်ကို အငယ်ဆုံးဖြစ်သည်။ သူသည် ဆယ့်ခုနစ်နှစ်သာ ရှိသေးရာ စိတ်ဓါတ်ကြံ့ခိုင်မှုမှာလည်း ပို၍ အားနည်းနေသေး၏။

တစ်ညလုံး စိတ်ဆင်းရဲဒုက္ခကြီးစွာဖြင့် ဖြတ်သန်းပြီးနောက် သူ၏ မျက်လုံးအကြည့်များမှာ အသက်မဲ့နေပြီဖြစ်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ညိုမည်းနေသော ပန်ဒါမျက်လုံးများနှင့် ဖြစ်ကာ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ၏ ရှပ်အင်္ကျီလက်များသည်ပင် စိတ်လှုပ်ရှားမှုကြောင့် ဆွဲဆန့်၊ ဆွဲလိမ်ခံထားရပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောကြောင့် တွ့န်လိမ်ကြေမွနေသည်။

ကျင်းယွင်ကျောင်းသည် သူ့အား အနည်းငယ် သနားနေမိ၏။ သူသည် တစ်ညလုံး ခေါင်းငိုက်စိုက်ချထားသောကြောင့် လည်ပင်းများပင် တောင့်တင်းနေသည်။

"ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး"

အငယ်ဆုံးဝမ်းကွဲအစ်ကိုသည် သူ၏ဘေးရှိ အမျိုးသမီးကြီးအား ကြည့်ရင်း ငို၍ပြောလိုက်၏။

"ကျားကျားက စိတ်ညစ်နေလို့ ကျွန်တော်တို့က သူ့ကို အားပေးချင်တာ။ ဒါကြောင့် သူ့ကို အနီးနားမှာရှိတဲ့ KTV တစ်ခုကို သီချင်းဆိုဖို့ခေါ်သွားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ဘူး။ သူက တစ်ယောက်တည်းဆိုတော့ ကျွန်တော်တို့လည်း သူ့ကို သင်ခန်းစာတစ်ခုလောက်ပေးဖို့ တွေးလိုက်တယ်။ သူ့ကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပြီး တစ်ခုခုလုပ်ဖို့ ကြံရွယ်ခဲ့ပေမယ့် ကျွန်တော်တို့ သူ့ကို ရိုက်တောင် ရိုက်နိုင်မှာမဟုတ်ဘူးလို့ ထင်မထားမိခဲ့ဘူး။ အဲဒါနဲ့ သာ့ပြောင်ကောက ဒေါသထွက်သွားပြီး ကျောက်ခဲကို ကောက်လိုက်တာ။၊ ဒါပေမယ့် သူက ရှောင်လိုက်နိုင်တယ်။ အဆုံးမှာတော့ ကျောက်ခဲနဲ့အထုခံရတဲ့သူက စန်းပြောင်ကောဖြစ်သွားတယ်"

သူ၏ ငိုသံများမှာ ပြတ်တောင်းပြတ်တောင်းနှင့် မတည်မငြိမ်ဖြစ်နေသည်။ တစ်ညလုံးထိန်းချုပ်လာရပြီးသည့်နောက် သူ၏ အကြောက်တရားများမှာ ဆတိုးနှင့် ပေါက်ကွဲထွက်လာတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now