Chapter 162

1.1K 83 0
                                    

Chapter 162 : ခွေးကောင်းတွေက လမ်းမပိတ်ဘူး

ကောင်းရှင်း၏ စကားလုံးများသည် ဟယ့်ကျားစစ်၏ နှလုံးသားအား တည့်တည့် ထိစိုက်သွားသော ဓါးတစ်ချောင်နှင့်တူ၍ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား တုန်ယင်လာစေသည်။

ဤကိစ္စသည် သေချာပေါက် အပြင်သို့ ဘယ်နည်းနှင့်မှ ပေါက်ကြားသွား၍ မရပေ။ သို့မဟုတ်ပါက အနာဂတ်တွင် ထန်ကျစ်ဟွားက သူမအား ကြိုက်သွားလျှင်တောင်မှ ထန်မိသားစုက သူမ၏ တည်ရှိမှုကို အသိအမှတ်ပြုလိမ့်မည်မဟုတ်ပေ။ အဖိုးထန်သည်  သူတို့၏ ဟယ့်မိသားစုအား သူတတ်နိုင်သမျှနည်းလမ်းဖြင့် စောင့်ရှောက်ပေးခဲ့ပြီး ထန်ကျစ်ဟွား၏ အလှည့်သို့ ရောက်ပါက သူသည် မည်သည့်အတိုင်းအတာကိုမျှ ပေးတော့မည် မဟုတ်ပေ။

ယွမ်တစ်သန်းသည်လည်း သေးငယ်သော ပမာဏ မဟုတ်။

သို့ရာတွင် သူမ တောင်းဆိုသရွေ့ သူမ၏ မိဘများက သူမ၏ တောင်းဆိုချက်ကို လိုက်လျောလိမ့်မည် ဖြစ်သည်။ စင်စစ် ဟယ့်မိသားစု၏ အနာဂတ်သည် အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် သူမအပေါ်၌သာ မူတည်နေ၏။

"ငါ နင့်ကို ယွမ်တစ်သန်းပေးမယ်၊ ဒါပေမယ့် နင် ပိုက်ဆံကို လက်ခံပြီးတာနဲ့ ငါ့ဆီကို ဗီဒီယိုပြန်ပို့ပေးရမယ်။ ဒီကိစ္စကို လျှောက်ဖြန့်တာတွေ ဒါမှမဟုတ် ဒီကိစ္စနဲ့ပတ်သတ်ပြီး အခြားလူကို ပြောပြတာတွေ နင့်ကို ခွင့်မပြုဘူး။ မဟုတ်လို့ကတော့ ငါ နင့်ကို သတ်ပစ်မယ်"

ဟယ့်ကျားစစ်က အံကြိတ်၍ ပြောလိုက်သည်။

ကောင်းရှင်းက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ပြန်ဖြေသောအခါ သူ၏ လေသံက ဒေါသထွက်၍ စိတ်မရှည်ဖြစ်နေ၏။

"ငါသိပါတယ်။ ပထမဆုံး ငါ့ကဒ်ထဲကို ငွေတွေလွှဲလိုက်ပြီး၊ ပြီးမှ ဆက်ပြောကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူသည် ချက်ချင်းပင် ဖုန်းချလိုက်၏။

ထိုအချိန်တွင် ကောင်းရှင်းသည် ချောင်ဟုန်ယဲ့၏ ဘေး၌ ထိုင်နေသည်။ သူမသည် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ကြီးမားသော ကိစ္စကို လုပ်ဖူးခြင်းဖြစ်၍ သိသိသာသာပင် တုန်လှုပ်နေ၏။ သို့သော် သူမသည် ဟယ့်ကျားစစ်က ကတိခံလိုက်သည်ကို ကြားလိုက်သောအခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now